Home Grown Solution သာဖြစ်ရပါမည်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင်အဂ်ဘူလာဂမ်ဘာရီ မြန်မာနိုင်ငံသို့ရောက်ခဲ့စဉ် နိုဝင်ဘာလ(၆)ရက်နေ့က နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့နှင့်နေပြည်တော်၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောကြား ချက်တစ်ခုကို ကျွန်တော်သတိထားမိပါသည်။၎င်းအချက်မှာ မြန်မာအရေးအတွက် အဖြေရှာရာတွင် ရှိ ပကတိအရှိတရားကိုအခြေခံပြီးရှာဖွေရရှိသည့် HomeGrownSolutionသာဖြစ်ရမည့်အကြောင်း၊ ပြည်သူများ ၏ဆန္ဒကို လှစ်လျူရှုပြီး အနည်းစုသောဆန့်ကျင်ဘက်အုပ်စု၏ဆန္ဒကိုသာအခြေခံပြီး နိုင်ငံတော် အစိုးရကိုတဖက်သက်ဖိအားပေးခြင်း၊ အစိုးရ၏လုပ်ဆောင်ချက်များကို တိုးတက်မှုအဖြစ် အသိ အမှတ်ပြုရန်ပျက်ကွက်ခြင်း၊ မြန်မာ့အရေးကိုမြန်မာနိုင်ငံအတွင်း၌သာအဖြေရှာရမည့်အစား နိုင်ငံကြီးများမှ ကြိုတင်သတ်မှတ်ထားသည့်ပုံစံအတိုင်းဖြစ်ပေါ်လာစေရန်နှင့် အခြားနိုင်ငံများကပါဖိအားပေးစေရန် လိုက်လံစည်းရုံးလှုပ်ရှားခြင်းတို့ကိုသာ တွေ့မြင်နေရကြောင်း၊ ယခုကဲ့သို့ပြင်ပမှ အတင်းအကျပ်ဖိအားပေး ဖြေရှင်းခိုင်းသည့်နည်းလမ်းကို ဆက်လက်ကျင့်သုံးနေမည်ဆိုပါက မိမိတို့အနေဖြင့်ရေရှည်တွင် မည်သို့မျှ လက်ခံနိုင်မည် မဟုတ်ကြောင်း၊ပြည်သူများအနေဖြင့်လည်းမျှတပြီး အပြုသဘောဆောင်သည့်လုပ်ရပ်ကို သာထောက်ခံအားပေးမှာဖြစ်ကြောင်း၊ မစ္စတာဂမ်ဘာရီအနေဖြင့် မျှတမှုမရှိဘဲ တဖက်စောင်းနင်းဖြစ်လာပါက ပြည်သူများအနေဖြင့် ၄င်း၏လုပ်ငန်းစဉ်များကို မိမိတို့နိုင်ငံအပေါ်ဖိအားပေးသည့် တစ်ဖက်သက် လုပ်ရပ်များအဖြစ်ရှုမြင်သွားနိုင်ကြောင်း ထောက်ခံပြောဆိုသွားခဲ့ခြင်းဖြစ်ပါသည်။ မျိုးချစ်စိတ်ဓာတ်ရှိသူတိုင်း မိမိတို့နိုင်ငံတော်၏လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တန်ဖိုးထားလေးစားသူတိုင်း ထိုပြောဆိုချက်ကိုထောက်ခံကြလိမ့်မည်ဟုယုံကြည်ပါသည်။ ကိုယ့်နိုင်ငံ၏ပြည်တွင်းရေးသည် ကိုယ့်နိုင်ငံသားများသာ ဆွေးနွေးသင့်၊ အဖြေရှာသင့်သောကိစ္စဖြစ်ပါသည်။ ပြင်ပနိုင်ငံတစ်ခုခုမှသော်လည်းကောင်း၊နိုင်ငံအများမှသော်လည်းကောင်းဘယ်လိုလုပ်/ဘယ်လိုဆုံးဖြတ်ဟူ၍ လာရောက်သြဇာပေးမှုကို လက်ခံနိုင်စရာအကြောင်းမရှိပါ။ ကိုယ့်နိုင်ငံသားများအချင်းချင်း ဆွေးနွေးအဖြေရှာရာတွင်လည်း လက်ရှိပကတိအရှိတရားကိုအခြေခံသည့်ယထာဘူတာကျသော အဖြေရှာမှုမျိုးသာဖြစ်သင့်ပြီး ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ပါတီဂိုဏ်းဂဏစွဲ တစ်ခုခု၏ဆန္ဒကိုရှေ့တန်းတင် သည့်အဖြေရှာမှုမျိုးကလည်း လုံးဝလက်ခံနိုင်စရာမရှိမရှိပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါသည်။
0 comments:
Post a Comment