စက်တင်ဘာလအတွင်က ဖြစ်ပွားခဲ့တဲ့ ရဟန်သံဃာတစ်ချို့နဲ့ NLDပါတီဝင်တစ်ချို့ရဲ့ ဆန္ဒပြသွေးထိုး လှုံဆော်မှုများကို အင်တာနက်မှာ အထူး အသားပေး ဖော်ပြခဲ့သူတစ်ဦးကို နယ်ခြားမဲ့ သတင်း ထောက်အဖွဲ့ဆိုတဲ့အဖွဲ့က အထူးဆုပေးခဲ့ကြောင်း ကြားသိရပါတယ်။ အဲ့ဒီဆုရရှိ နိုင်ငံခြားသားက သူသတင်း စုဆောင်းခဲ့ပုံအကြောင်း ပြောပြရာမှာ Websit အတော်များများကနေ သတင်းယူခဲ့တာဖြစ်ကြောင်း ၊ မြန်မာBlog Site တွေကနေ သတင်းများ ရခဲ့ကြောင်း၊ နိုင်ငံတော်ကိုဆန့်ကျင်နေတဲ့အဖွဲ့အစည်းတစ်ချို့ရဲ့ သတင်း ဌာနများ နဲ့ တခြားအနောက်နိုင်ငံသတင်းဌာနများကလည်း သတင်းရရှိခဲ့ ကြောင်း ပါရှိခဲ့ပါတယ်။ နယ်ခြားမဲ့ သတင်းထောက်အဖွဲ့ ဆိုတာကတော့ ဘယ်သူ့၊ဘယ်အဖွဲ့အစည်းက နောက်ကွယ်ကနေ ရန်ပုံငွေ ထောက်ပံ့သလဲ မသိပေမယ့် မိမိနိုင်ငံသတင်မှားတွေကို ခပ်တည်တည်နဲ့ လိမ်ညာပုံကြီးချဲ့ ပေးပို့တတ်သူတွေ၊ အဖျက်သဘောအဖြစ်နဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေကိုမှ ရှာရှာ ဖွေဖွေစုဆောင်းပေးပို့တတ်သူတွေကို အားပေး အားမြှောက်လုပ်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့အဖြစ် ကျွန်တော်တို့ နားလည်ထားပါတယ်။ နိုင်ငံတကာ သတင်း မီဒီယာလောကကို စိတ်ကြိုက်ကြိုးကိုင်ချယ်လှယ်ပြီး ပုံသွင်းနိုင်ဖို့အတွက် ထူထောင်ထားတဲ့ အဖွဲ့အစည်း တစ်ခုပါပဲ။ ဒီအဖွဲ့အစည်း။က ကျွန်တော်တို့နိုင်ငံရဲ့ ဒေသတစ်ချို့မှာဖြစ်ခဲ့တဲ့ ဆန္ဒပြဆူပူမှုသတင်းတွေ အသားပေးလွှင့်တင်တဲ့ Blogကို ဆုပေးတာဘာမှမဆန်းပါဘူး။ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံတွင်းက မြန်မာနိုင်ငံသားဆိုတဲ့ ၊မျိုးချစ်စိတ်ရှိသင့်တဲ့ ၊ ရှိရမယ့်လူတွေက တစ်ခုပဲ ပြောချင်ပါတယ်။ ကိုယ့်နိုင်ငံတွင်းက သတင်းတွေ ဓါတ်ပုံတွေကို ကိုယ့်နိုင်ငံတွင်းကလူတွေကပဲ မီဒီယာတွေကတဆင့် နိုင်ငံတကာသိအောင် ပေးပို့ခဲ့ကြတာ ဖြစ်ပါတယ်။အဲဒီလူုတွေဟာကိုယ့်နိုင်ငံအတွင်းမှာနိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ တိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုတွေကိုရော အမှန်ပကိအတိုင်း ကမ္ဘာကသိအောင် မီဒီယာတွေကနေ ပေးပို့ခဲ့ဖူးပါသလား။ တိုးတက်ဖြစ်ထွန်းမှုတွေကိုတော့ မသိကျိုးကျွံလုပ်နေခဲ့ပြီး ဆူပူလှုံဆော်မှုတစ်ချို့ ဖြစ်တော့မှ ၀မ်းပန်းတသာ အားတက်သရော ဒီလိုသတင်း ပြန့်ခဲ့ကြတယ်ဆိုရင် သူတို့တတွေမှာ အမိနိုင်ငံချစ်စိတ်မှ ရှိသေးရဲ့လားလို့ မေးချင်ပါတယ်။ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားတဲ့ ကျော်မင်းအေးရဲ့ ဆောင်ပါးမှာရေးထားသလို ပြည်တွင်းပြည်ပ သတင်းဌာနအသီးသီးမှာ လုပ် ကိုင်ဆောင်ရွက် နေတဲ့ မြန်မာနိုင်ငံသားများအနေနဲ့လည်း ကိုယ့်နိုင်ငံကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသူတွေဖြစ်တယ်ဆိုရင် ရဟန်းရှင်လူ ပြည်သူတွေ အတွက် တိကျမှန်ကန်တဲ့သတင်းများ၊ နိုင်ငံနဲ့လူမျိုးအတွက် မင်္ဂလာရှိတဲ့ သတင်းများ၊ အမျိုးသားရေးအကျိုးစီးပွားအပေါ် အခြေခံတဲ့ ရိုးသားဖြောင့် မတ်သော သတင်းဝေဖန်သုံးသပ်မှုများကိုသာ လုပ်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။