ပြည်သူများ၏တာဝန်
ယနေ့ကာလတွင် နိုင်ငံတော်အစိုးရသည်နိုင်ငံတော်တည်ငြိမ်အေးချမ်းအောင် ၊ ဖွံ့ဖြိုးတိုးတက်အောင်၊ ပြည်သူများစားဝတ်နေရေး အဆင်ပြေ ချောမွေ့စွာဖြင့် လူနေမှုအဆင့်အတန်းမြင့်မားစွာဖြင့် နေထိုင်နေနိုင်အောင် ၊ စိတ်အေးချမ်းမြေ့လွယ်ကူစွာ ခရီးသွားလာဆက်သွယ်နေနိုင်အောင် ၊ ကူးသန်း ရောင်းဝယ်ရေး၊ စီးပွားရေးကုန်ထုတ်ရေးလုပ်ငန်းများဖြစ်ထွန်းလာစေအောင် လိုအပ်ချက်သမျှကို အမြဲမပြတ်သုံးသပ်ပြီး စီမံဖြည့်ဆည်းပေးလျက် ရှိပါသည်။ ဒေသတစ်ခုချင်း၏ စီးပွားရေး၊ ကုန်ထုတ်လုပ်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ၊ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှာကြံဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်စပ်ဆင့်ပွား အကျိုးပြု ဖြစ်ထွန်းလာ စေရေးအတွက် မဟာဗျူ ဟာကျကျ စီမံဆောင်ရွက်လာလျက်ရှိပါသည်။
ထို့ကြောင့်လည်း တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အဘက်ဘက်မှ တိုးတက်ဖြစ်ထွန်းလာမှုများသည် လက်ညှိုးထိုးမလွဲ တွေ့မြင်နေကြပြီ ဖြစ်ပါသည်။ ပြည်သူတစ်ဦးတစ်ဦးသည် မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ မိမိဒေသ၊ မိမိပတ်ဝန်းကျင်ကိုကြည့်လိုက်လျှင် ယခင်ကနှင့်မတူ ဖွံ့ဖြိုးတိုးတက်မှုအဖုံဖုံကိုမြင်တွေ့ကြည့်နိုင်ကြပြီဖြစ်ပါသည်။သို့ရာတွင်ယင်းတိုးတက်ဖြစ်ထွန်းနေသည့်အခြေခံကောင်း၊ အလားအလားကောင်းများကို ဆုတ်ယုတ်ပျက် ပြားအောင် ရည်ရွယ်ချက်ရှိရှိ ဖျက်လိုဖျက်ဆီး ဆောင်ရွက်နေမှုများကလည်း အခြားတစ်ဖက်တွင်ရှိနေသည့်အတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် အမျိုးသားရေးသတိဖြင့် ရှောင်ရှားဆန့်ကျင်ဟန့်တားကြရန် အရေးကြီးပါသည်။ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး နှောင့်နှေးဆုတ်ယုတ်စေရန် ပြည်ပရင်နှီးမြှပ်နှံ မှုများအားရပ်တန့်၊ ပြည်ပကုန်သွယ်မှုများပျက်ပြား၊ အလုပ်ရုံစက်ရုံများ ပိတ်သိမ်းပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးစေရန်၊ အလုပ်လက်မဲ့များ ဖြစ်ပေါ်လာစေရန်။ တည်ငြိမ်အေးချမ်းမှု ယိုယွင်းပြီး စီးပွားရေးလုပ်ငန်းများ ပျက်ပြားစေရန်၊ ဈေးကွက်ကမောက်ကမဖြစ်ပြီး ပြည်သူများစီးပွားပျက်စေရန် အဖျက်သဘောသက်သက်လုပ်ဆောင်နေကြ သည့် ပြည်တွင်းပြည်ပအဖျက်အမှောင့်သမားများ၏ တိုင်းဖျက်ပြည်ဖျက်လုပ်ရပ်များကို ပြည်သူများအားလုံးမှ အမှန်အတိုင်းသိမြင်ပြီး ကာကွယ် တားဆီး ကြရမည်ဖြစ်ပါသည်။ ထို့သို့ ကာကွယ်တားဆီးရင်း တိုင်းကျိုးပြည်ဆောင်အပြုသဘောလုပ်ငန်းများတွင် တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အားကြိုးမာန် တက် ပါဝင်ဆောင်ရွက်သွားကြရမည်လည်း ဖြစ်ပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။

0 comments:
Post a Comment