“စီးပွာရေးပိတ်ဆို့တယ်ဆိုတိုင်း ဂရုစိုက်ရမှာလား”
မြန်မာနိုင်ငံအပေါ် စီးပွားရေးအရပိတ်ဆို့တာကို အာရှတိုက်က ဘယ်နိုင်ငံကမှ မထောက်ခံဘူး လို့ စင်္ကာပူဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သတင်းကြားသိရပါတယ်။ အလားတူပဲ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးအရပိတ်ဆို့တာကို ဆန့်ကျင်ရှုတ်ချ ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့ဟာ နိုင်ငံအချင်းချင်းအကြား လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားရေး အခြေခံမူအတိုင်း တစ်သွေမတိမ်း လိုက်နာကျင့်သုံးသွားသင့်ကြောင်း လာအိုဝန်ကြီးချုပ်က အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီမှာ ထုတ် ဖော်ပြောကြားခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ဗိုလ်ကျအနိုင်ကျင့်ချင်တဲ့ အနောက်အုပ်စုများက ကျွန်တော်တို့နိုင်ငံကို သွားပုပ်လေလွင့်အခြေအမြစ်မရှိ စွပ်စွဲမှုတွေလုပ်ပြီး စီးပွားရေးပိတ်ဆို့မှုနည်းလမ်းနဲ့ ဖိနှိပ်ရန်စလာတာ ကြာခဲ့ပါပြီ။ ဒါကျွန်တော်တို့ ပြည်သူတွေအားလုံးကို ရန်စတာ၊ နိုင်ငံတော်ရဲ့ အေးချမ်းသာယာတည်ငြိမ်မှု နဲ့ ဖွံ့ဖြိုးမှုတွေကို တုံ့ဆိုင်းရပ်တန့်သွားအောင် သက်သက်မဲ့ အနိုင်ကျင့်တာဖြစ်ပါတယ်။သူတို့သမ္မတ ကတော် လော်ရာဘွတ်ဒ်ကလည်း သူ့ဟာသူအေးအေးမနေဘဲ နားမလည်ပါးမလည်နဲ့ နိုင်ငံတော်ကျင်း ပခဲ့တဲ့ ၂၀၀၇ခုနှစ် နှစ်လည်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ရှောင်ရှားကြဖို့ နိုင်ငံတကာကျောက်မျက် ရတနာ ကုမ္ပဏီများကို တိုက်တွန်းကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့စကား ဘယ်သူမှနားမထောင်ပဲ နိုင်ငံပေါင်း (၁၅)နိုင်ငံက ကုမ္ပဏီ(၁၅၈၃)ခုက ပြည်ပရတနာကုန်သည်ပေါင်း (၂၂၆၁)ဦးလာရောက်ခဲ့ပြီး ကျောက်မျက်ရတနာများ လေလံဆွဲဝယ်ယူခဲ့ပါကြတယ်။ ဒီကြားထဲ ကနေဒါ ကလည်း သံယောင်လိုက်၊ ဥရောပဘုံဈေးအဖွဲ့ကလည်း ဆရာကြီးရဲ့အကြိုက်ကိုလိုက်နဲ့၊ သူတို့နိုင်ငံ တွေနဲ့ ကမ္ဘာ့ပုလိပ်ကြီး ဆက်ဆံရေးကောင်းအောင် မျက်နှာချိုသွေးကြပြီး ကျွန်တော်တို့နိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်လာပါတယ်။
ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသားတိုင်းစားရေး ၊ ၀တ်ရေး ၊ နေရေး ဖူလုံလောက်အောင် သဘာဝသယံဇာတအရင်းအမြစ်တွေ၊ ထုတ်လုပ်မှုစွမ်းအားတွေ အပြည့်အ၀ ရှိပြီး သားပါ။ ဘာမှဂရုစိုက်စရာမလိုပါဘူး။ ကမ္ဘာ့လိပ်ဦးဆောင်တဲ့ အဖွဲ့တွေရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကြ တဲ့ ကမ္ဘာ့နိုင်ငံတွေအများကြီးပါပဲ။ သူနဲ့အနီးကပ်ဆုံး ကျူးဘားကို နှစ်ပေါင်း(၄၀)ကြာအောင် ပိတ်ဆို့ လာတာ ခုထိဘာအောင်မြင်သေးလို့လဲဗျာ။ ကျူးဘားပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုစွမ်းအားက ဒါတွေကို ကျော်လွှားနိုင်ခဲ့တာ အားလုံးအသိပါပဲ။ ကျွန်တော်တို့ ပြည်သူလူထုတွေအားလုံးကိုလည်း အရေးကြီးပြီ၊ သွေးနီးကြစို့လို့ တပ်လှန့်နှိုးဆော်ချင်ပါတယ်ဗျာ။
0 comments:
Post a Comment