၁၉၉၂ ခုနှစ်ကစ၍ ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့သည့် အလားတူဆုံးဖြတ်ချက် (၁၅)ခုကို အမေရိကန်အစိုးရက လစ်လျူရှုခဲ့ခြင်းကို ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဖိလစ်ပီရက်ရုဖ်က ပြစ် တင်ရှုတ်ချလိုက်သည်။

အရေးယူပိတ်ပင်ခြင်းဖြင့် ကျူးဘားပြည်သူတို့၏ တိုးတက်ကောင်းစားရေးကို အဟန့်အတား ဖြစ်စေသည့်အပြင်ကျူးဘား ပြည်သူတို့၏ အခွင့်အရေးကို စနစ်တကျ ချိုးဖောက်ခြင်းလည်းဖြစ်ကြောင်း ၀န်ကြီးဖိလစ်ပီရက်ရုဖ်က ပြောကြားသည်။

ကိုယ်ကျတော့ လုပ်ချင်သလိုလုပ်၊ သူများကိုတော့ ဆရာကြီးလိုက်လုပ်လိုက်၊ဖြဲခြောက်လိုက်နဲ့ ပါးစပ်ကတော့ ဘုရား၊ ဘုရား၊ လက်ကတော့ ကားယားကားယားချည်းပါပဲလား။ ဒီလိုနိုင်ငံမျိုးက ကုလသမဂ္ဂကြီးရဲ့ အကာအကွယ်ယူပြီး ကျွန်တော်တို့နိုင်ငံကိုလာပြီး ဗိုလ်ကျအနိုင်ကျင့်ဖို့ ကြိုးစားတာ ကို ငုံ့ခံနေရင် ရာဇ၀င်ရိုင်းတော့မှာပေါ့ဗျာ။