“၀ါဒဖြန့်ဖြူးရေးစာတမ်းတွေတဲ့လား”
“၀ါဒဖြန့်စာရွက်စာတမ်းတွေတဲ့လား”
DVBရဲ့နိုဝင်ဘာ၊(၆)ရက်နေ့သတင်းမှာရန်ကုန်မြို့အချို့နေရာတွေမှာသတင်းစာတွေကားပေါ်က
ကြဲချသွားတယ်ဆိုတဲ့သတင်းကြားလိုက်ရပါတယ်၊“ဒီသတင်းစာတွေဟာသတင်းစာမဟုတ်ပါဘူး၊လူထုကို
ဝါဒဖြန့်နေတဲ့ဝါဒဖြန့်ချီရေးစာရွက်စာတမ်းတွေဖြစ်ပါတယ်။”လို့မေးသူကမေးပြီး ကြဲချသူကဖြေသွားတာလည်းကြားခဲ့ရပါတယ်။သတင်းစာများကိုဘယ်လိုမျိုးရခဲ့သလဲလို့DVBကမေးတော့ဖြေတဲ့သူက“တချို့ကိုအိမ်တွေကလိုက်အကူအညီတောင်းပြီးစုတယ်၊တချို့
ကတော့ဆိုင်ကနေအဟောင်းတွေလိုက်ဝယ်တယ်၊အသစ်တွေလည်းဝယ်စုပြီးကြဲချခဲ့တာ”လို့ဖြေခဲ့ပါတယ်။
ဘယ်သူမှယောင်လို့တောင်လိုက်လုပ်မဲ့လုပ်ရပ်မျိုးမဟုတ်တာကြောင့်လုပ်ရပ်ကိုတော့မပြောလိုပါဘူး။
ဒီလိုကြောင်တဲ့သူလည်းရှိပါသေးလားလို့ပဲအောက်မေ့မိပါတယ်။ဒါပေမယ့်“ဒီသတင်းစာတွေဟာ သတင်းစဉ်မဟုတ်ပါဘူး”ဆိုတဲ့ဝေဖန်ချက်ကိုပါအဲဒီအသံလွှင့်ဌာနကလွှင့်ပေးခဲ့တာကြောင့်ဒါကိုတော့ ရှင်းရှင်းလင်းလင်းဖြစ်စေချင်ပါတယ်။လက်ရှိနေ့စဉ်သတင်းစာတွေကို ကြည့်ရင်နိုင်ငံတော်အကြီးအကဲများ
အစိုးရအဖွဲ့ဝင်များနဲ့တာဝန်ရှိပုဂ္ဂိုလ်များရဲ့လုပ်ဆောင်ချက်များတွေ့ရမှာပါဒါတွေကသတင်းမဟုတ်ဘူးလား။
တခြားနိုင်ငံကသတင်းစာတွေမှာလည်းအလားတူ ပြည်သူလူထုကိုသတင်းထူတ်ပြန်ပေးတာပဲမဟုတ်ဘူးလား။
နောက်ဌာနဆိုင်ရာ/အဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်များ၊ဒေသန္တရသတင်းများပါပါတယ်။
ဥပမာမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းစာတမ်းဖတ်ပွဲကျင်းပမယ့်သတင်း၊မျက်စိဆရာဝန်များညီလာခံကျင်းပ
မယ့်သတင်း၊အင်းလေးဖောင်တော်ဦးဘုရားအပူဇော်ခံပွဲသတင်း၊ဟားခါးမှာ ပိုလီယိုအကြောသေရောဂါ
ကာကွယ်ဆေးတိုက်ကျွေးတဲ့သတင်း၊ဒါတွေကရောသတင်းမဟုတ်တော့ဘူးလား။နိုင်ငံတကာသတင်းတွေ
ဆိုရင်လည်းနိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊ပညာရေး၊ယဉ်ကျေးမှု၊သိပ္ပံပညာစသည်ဖြင့် သတင်းနဲ့ဓါတ်ပုံတွေ၊
အားကစားသတင်းနဲ့ဓါတ်ပုံတွေ ဒါတွေကရောသတင်းမဟုတ်တော့ဘူးလား။သတင်းစာတွေထဲမှာ
အခါအားလျှော်စွာတရားဓမ္မလိုင်း၊ပညာရေး၊ကျန်းမာရေး၊ယဉ်ကျေးမှုအားကစားစတဲ့ဆိုင်ရာဆောင်းပါးတွေ
ဖေါ်ပြပေးနေတာကရော နိုင်ငံတော်အစိုးရက၀ါဒဖြန့်ချီနေတာပဲလား။
နိုင်ငံတွင်း(နိုင်ငံတကာမှာနေ့စဉ်နဲ့အမျှဖြစ်ပေါ်ပြောင်းလဲတိုးတက်နေတာတွေ၊တိုင်းရင်းသားပြည်သူများ
အတွက်အသိပညာ၊ဗဟုသုတတိုးပွားစေမယ့်ဆောင်းပါးတွေ၊ဒါတွေကိုနေ့စဉ်ထုတ်သတင်းစာများမှာ ဖေါ်ပြပေးနေပါတယ်။ဒါတွေဟာတစ်ချိန်ကျရင်သမိုင်းဖြစ်လာမှာပါ။ဒီဟာတွေကမှသတင်းမဟုတ်ဘူးဆိုရင်
ဘယ်ဟာမျိုးကမှသတင်းပါလဲလို့ပြန်မေးရမလိုဖြစ်နေပါတယ်။နိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမယ့်၊တိုင်းရင်းသားပြည်သူတွေရွံမုန်းစက်ဆုပ်တဲ့ဆူပူအကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေမယ့်လုပ်ဇာတ်ဆင်ချဲ့ကားရေးသားပြောဆိုမှုတွေကိုမှကြားချင်ဖတ်ချင်နေရင်တော့ ဒါမျိုးတွေမပါတဲ့ နေ့စဉ်သတင်းစာတွေကို အကောင်းမမြင်နိုင်တာသဘာဝကျပါတယ်။
ကိုယ့်စိတ်ကိုကအဲဒီလိုဖြစ်နေရင်နိုင်ငံနဲ့လူမျိုးအပေါ်မှာထားတဲ့ကိုယ့်ရဲ့သဘောထားမှန်/မမှန်၊သင့်/မသင့်ကိုအပြန်ပြန်အလှန်လှန်သုံးသပ်ချင့်ချိန်သင့်ပါကြောင်းကြံပြုလိုက်ပါတယ် သတင်းစာကြဲသူကြီးခင်ဗျား။
0 comments:
Post a Comment