၁။ အမေရိကန်က မြန်မာပြည်အား စီးပွားရေးအရ ပိတ်ဆို့အရေးယူခြင်းသည်လုပ်သင့်လုပ်ထိုက်သော လုပ်ရပ်တစ်ခုမဟုတ်သဖြင့်ပြည်သူလူထုတရပ်လုံးက၀ိုင်းဝန်းပြစ်တင်ရှုတ်ချနေကြသည်။ ၂။ စီးပွားရေးပိတ်ဆို့ အရေးယူမှုကြောင့် အများဆုံးထိခိုက်နစ်နာရသူမှာ ပြည်သူလူထုပင်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်ုးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း ၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများသည် စီးပွားရေးပိတ်ဆို့မှုကြောင့် ၄င်းတို့၏လုပ်ငန်းများဆက်လက်လှုပ်ရှားရန် အဟန့်အတားကြုံရသည်။ထိုအခြေအနေတွင် ထို လုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသောစီးပွားရေးလုပ်ငန်းများပါ ထိခိုက်မှုကြုံရသည့်အခါဝန်ထမ်းများ၏ စားဝတ်နေရေးပါ အခက်အခဲရှိလာကြသည်။ ၃။ ကုန်ထုတ်လုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊၀န်ဆောင်မှုလုပ်ငန်းများမှရသင့်သလောက် ၀င်ငွေမရသောအခါ သက်ဆိုင်ရာပြည်သူလူထု၏ သုံးစွဲနိုင်သောဝင်ငွေကျဆင်းရာမှတဆင့်ထုတ်လုပ်မှု ကူးသန်းရောင်းဝယ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းများက ရနိုင်သော ၀င်ငွေထပ်မံကျဆင်းနိုင်သည်။ ၄။ တိုင်းပြည်၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၊ အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ခံစားလိုသော ပြည်သူလူထုအနေနှင့် ကုန်ထုတ်လုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ရှင်သန်သက်ဝင်တိုးတက်ဖွံ့ဖြိုးမှုရှိရေးကို လိုလားကြသည်။ထိုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးခြင်းသည် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးခြင်းပင်ဖြစ်၏။လုပ်ငန်းများတိုးတက်မှုမရှိအောင် တားဆီးပိတ်ဆို့မှုမှန်သမျှ တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းသာယာပြီး ခေတ်မီတိုးတက်ဖွံ့ဖြိုးသော နိုင်ငံတော်သစ်တည်ဆောက်ရေးကို အနှောက်အယှက်အဟန့်အတားပြုသော လုပ်ရပ်များသာဖြစ်သည်။ ၅။ မြန်မာပြည်အား စီးပွားရေးအရ ပိတ်ဆို့အရေးယူသူမှန်သမျှသည် မြန်မာနိုင်ငံ၏ စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေး ရည်မှန်းချက်များ ပန်းတိုင်များကို ဖျက်ဆီးသူများသာ ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်အရပ်ရပ်ရှိ ပြည်သူလူထု တစ်ရပ်လုံးက အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို ၀ိုင်းဝန်းပြစ်တင်ကန့် ကွက် ရှုတ်ချနေကြကြောင်း သတင်းရရှိသည်။