မြင်ရ , မြင်ရ စိတ်ဓါတ် မတက်ကြွပါ
မနေ့ညက TV သတင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ကျွန်တော်တို့ NLD ဗဟိုအမှုဆောင်များ တွေ့ဆုံမှုသတင်းကို တွေ့ရှိခဲ့ရသည်။
သတင်းကြေငြာချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင် (ဗဟို) (၄) ဦးတွေ့ဆုံ
လှုပ်ရှားပုံမြင်တွေ့ရပါသည်။ ထိုသို့တွေ့ဆုံမှုမြင်တွေ့ပြီး ကျွန်တော့်စိတ်တွင် လတ်တလောစိတ်ဓါတ်ကျမှု ဖြစ်ပွားခံစားမိပါသည်။
အကြောင်းမှာ နိုင်ငံတော်ကို တည်ဆောက်မည့် စကားများပြောနေသောသူများသည် ကျွန်တော့်အဖိုးထက်အသက်ကြီးပြီး လှုပ်ရှားပုံသဏ္ဍာန်များမှာလည်း တတ်ကြွမှုမရှိ၊ ကျွန်တော့်စိတ်တွင် အမြင်အရနိုင်ငံသားတစ်ဦးအနေနဲ့ အားကိုးချင်စိတ်မရှိဟု ခံစားမိပါသည်။
ကျွန်တော်မသိ၍ ကျွန်တော့်အဖိုးအသက် (၈၀)နှစ်ကို မေးကြည့်ပါသည်။အဖိုးသည် ၄င်းထဲမှ(၁) ဦးဖြင့် ရင်းနှီးသူဖြစ်ပြီး ပင်စင်စားကြီးဖြစ်ပါသည်။
ကျွန်တော်က "အဖိုး ကျွန်တော်တို့ NLD ခေါင်းဆောင်ဆိုသူများသည် ကျွန်တော် TV ထဲတွင် မြင်ဘူးသည့် အရှေ့တောင်အာရှ အခြားနိုင်ငံပါတီခေါင်းဆောင်များကဲ့သို့ မျက်မြင်ဥပတိရုပ်မှာ တက်ကြွမှု၊ ကျန်းမာမှုမရှိဘဲ အားကိုးစရာပုံမဖြစ်ကြောင်း " ပြောရာ အဖိုးမှ "သားရယ် အတိုချုံ့ပြောရယင် ဒီလူကြီး (အောင်ဆန်းစုကြည်ဘေးမှ) တွေဟာဖဆပလခေတ်၊ မဆလခေတ်တွေမှာ အာဏာရှိခဲ့ပြီးယခုခေတ်မှာလည်း သူတို့လုပ်မှနိုင်ငံရေးဖြစ်မယ် ဆိုပြီးဒီအသက်အရွယ်ထိ ငယ်ရွယ်သူတွေကို သင်ကြားနေရာမပေးဘဲ ကိုယ်တိုင်ရှေ့ထွက် နေရာယူချင်တဲ့ စိတ်ထားရှိသူများဖြစ်တယ်၊ ဒီနေ့ တပ်မတော်အစိုးရ ရဲ့ တည်ဆောက်မှုအားလုံးကို မစ္ဆရိယ စိတ်နဲ့ အမြဲ ကာယကံ၊ ၀စီကံ၊ မနောကံ နဲ့ ဟန့်တားနှောက်ယှက်နေကြသူတွေဖြစ်တယ်။ ဒါကြောင့်အဖိုးလည်း ဒီအဖွဲ့တွေနဲ့ မဆက်ဆံဘဲနေနေတာ၊ ကြည့်ပါအုံးမြေးရယ် အခုပဲ ခါးကုန်းတုတ်ထောက်နေပြီး နောက်လေးငါးနှစ်ဆို သူငယ်ပြန်တော့မယ်၊ NLD ၏အနာဂတ်ကို ဘယ်လိုလုပ်ကြမှာလည်း စိတ်ဓါတ်ကျစရာကောင်းတယ်" ဟု ပြန်ပြောပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များရန်ကုန်မြို့ စိမ်းလဲ့ကန်သာဧည့်ဂေဟာ၌တွေ့ဆုံဆွေးနွေးကြစဉ်။(သတင်းစဉ်)
0 comments:
Post a Comment