၁။ ဥရောပသမဂ္ဂအဖွဲ့ (EU)မှ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုမူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းရန်ရှိရာ ၄င်းတို့၏ ကြိုးပမ်းချက်များ အောင်မြင်မှုရှိလိမ့်မည် မဟုတ်ကြောင်း သတင်းရရှိသည်။ ၂။ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့် ရင်းနှီးသည့် မှန်ကန်သော"မူ" အပေါ်ရပ်တည်သော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တွေ့ဆုံကာ စည်းရုံးမှုများ ဆက်လက်ပြုလုပ်လျက်ရှိရာ (၆-၁၁-၂၀၀၇)ရက်နေ့ တွင် ရုရှားကိုယ်စားလှယ်အဖွဲ့ရုံးမှ ဒုတိယအမြဲတမ်းကိုယ်စားလှယ်နှင့်လည်းကောင်း တရုတ် အမြဲတမ်း ကိုယ်စားလှယ်နှင့်လည်းကောင်း ကုလသမဂ္ဂဌာနချူပ်၌ တွေ့ဆုံခဲ့သည်။ ၃။ ထို့အပြင် (၇-၁၁-၂၀၀၇) ၇က်နေ့တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ဆူဒန်အမြဲတမ်း ကိုယ်စားလှယ်၊ ဥဇ္ဖဘက်ကစ္စတန်အမြဲတမ်း ကိုယ်စားလှယ် ၊ ဇင်ဘာဘွေအမြဲတမ်းကိုယ်စားလှယ်နှင့် ထိုင်းအမြဲတမ်းကိုယ်စားအား ကုလသမဂ္ဂဌာနချုပ်၌ တွေ့ဆုံခဲ့ကြသည်။ ၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များက မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံသွားပြီး အာဖရိကအဖွဲ့အတွင်း၌လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ စည်းရုံးပေးမည်ဖြစ်ကြောင်း ၊ ဥရောပသမဂ္ဂအဖွဲ့၏ အဆိုမူကြမ်းကို မဲခွဲပါလျင် မြန်မာနိုင်ငံဘက်မှ ရပ်တည်လျက် အဆိုမူကြမ်းကို ကန့်ကွက်မဲပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။