အဖျက်အမှောင့်လုပ်ငန်းများဖြင့်တည်ငြိမ်အေးချမ်းမှုကိုမရနိုင်
၁။ NLD ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်သည့်  ဦးအောင်ရွှေ၊ဦးလွင်၊ဦးညွန့် ဝေတို့ သည် (၇-၁၁-၂၀၀၇) နေ့ က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး၊ နိုင်ငံတော် အစိုးရ၏ တာဝန်ရှိသူများ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီ တို့ နှင့်တွေ့ ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။အဆိုပါဗဟိုအလုပ်အမှုဆောင်(၃)ဦးသည် (၉-၁၂-၂၀၀၇) နေ့ တွင်ဒေါ်စုကြည်နှင့်လည်းတွေ့ ဆုံဆွေးနွေးခွင့်ရခဲ့ကြကြောင်း သတင်းရရှိသည်။ ၂။ အစိုးရဘက်မှ စည်းကမ်းပြည့်ဝ၍ စစ်မှန်သော ဒီမိုကရေစီနိုင်ငံနှင့် အေးချမ်းသာယာဝပြောကာ ခေတ်မီ
ဖွံ့ ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဖြစ်ပေါ်ရေးအတွက် အားသွန်ခွန်စိုက်နေ့ မအား၊ညမနား ကြိုးပမ်းအားထုတ်နေချိန်တွင် တိုင်းပြည် အေးချမ်းမှုကိုမလိုလားသူများက နည်းမျိုးစုံဖြင့်အဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်နေကြသည်။ ၃။ (၆-၁၁-၂၀၀၇) နေ့ကစော်ဘွားကြီးကုန်း၊ ဘုရင့်နောင်ဈေး၊ လှည်းတန်းဈေး၊ မြေနီကုန်း၊ဗားဂရာချောက်၊ပုဇွန်တောင်ဈေး၊တာမွေဈေးအစရှိသည့်နေရာများ၌
နိုင်ငံတော်၏မျက်နှာဖုံးသတင်းစာများက ကားပေါ်မှ ဖြန့် ကျဲပစ် ချခဲ့ကြသည်။နိုင်ငံတော်၏မျက်နှာဖုံးသတင်းစာများကို
ဖြန့် ကျဲပစ်ချရုံမျှသာမက မီးရှို့ ခြင်း၊ အစုလိုက်အပြုံလိုက်လွှတ်ပစ်ခြင်း တို့ ပြုလုပ်
မည်အစီအစဉ်များ ရှိနေကြောင်းလည်းသတင်းရရှိသည်။ဤကဲ့သို့ သောလုပ်ရပ်မျိုးသည် နိုင်ငံတော်၏စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်း၊သတင်းစာ၊စာပေပညာရှင်များကိုပါမထေမဲ့မြင်
စော်ကားသည့် လုပ်ရပ်ပင်ဖြစ်သည်ဟုစာပေ၀ါသနာရှင်များ၊ သတင်းမြတ်နိုးသူများ
အသိုင်းအ၀ိုင်းကဝေဖန်ပြောဆို နေကြသည်။ ၄။ (၆-၁၁-၂၀၀၇)နေ့ နံနက်ပိုင်းကရန်ကုန်တိုင်း၊သန်လျင်မြို့ နယ်တွင် နိုင်ငံတော်အား ဆန့်ကျင်ရေးစာရွက်စာတမ်းများအားအေးချမ်းသာယာမှုကိုမလိုလားသူတစုက လိုက်လံဝေငှရာတွင်အထက်တန်းကျောင်း(၄)ကျောင်းအပါအ၀င်သန်လျင်မြို့ မဈေးနှင့်
ကားမှတ်တိုင်များတွင် ဝေငှခဲ့ကြောင်းသတင်းရရှိသည်။ ၅။ (၄-၁၁-၂၀၀၇)နေ့ ကထွက်ပြေးတိမ်းရှောင်နေသော(၈၈)မျိုးဆက်ကျောင်းသားအမည်ခံ အဖွဲ့သည်စကာင်္ပူနိုင်ငံအစိုးရထံမြန်မာနိုင်ငံကိုအာဆီယံနိုင်ငံအဖြစ်မှထုတ်ပယ်ရန်တိုက်တွန်းစာပေးခဲ့ရာ
စကာင်္ပူအစိုးရအနေဖြင့်မြန်မာနိုင်ငံ၏အခွင့်အရေးနှင့်ဒီမိုကရေစီဖော်ဆောင် ရေးလုပ်ငန်းစဉ်များကို အနီးကပ်စောင့်ကြည့်နေကြောင်း၊မြန်မာနိုင်ငံကိုအာဆီယံ အဖွဲ့ မှထုတ်ပယ်ရန် လည်းမဖြစ်နိုင်ကြောင်း ရေးသားပြန်ကြားခဲ့သည်ဟုသတင်းရရှိသည်။ ၆။ MDC မိုးအောင်စိုး၊ မြန်မာနိုင်ငံစက်မှုရုံများမှ အခြေခံအလုပ်သမားလူတန်းစားများဦးဆောင် လှုပ်ရှားမှုဖော်ဆောင်နိုင်ရန်အတွက်အခြေခံအလုပ်သမားများဦးဆောင်သောအဖွဲ့ တစ်ဖွဲ့ ဖွဲ့  စည်းနိုင်ရန်ဆောင်ရွက်ကာဆူပူလှုပ်ရှားမှုပြုလုပ်ရန်စီစဉ်နေကြောင်းသတင်းရရှိသည်။ ၇။ ထို့ သူအားလုံးသိစေရန်မှာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းကြောင့် အကြမ်းဖက်ဆူပူဆန္ဒပြလာကြလျှင် အများပြည်သူတို့  အထိတ်တလန့်ဖြစ်ရသည်။
မသိနားမလည်သူတို့လူပေါင်းမှားပြီးဒုက္ခရောက်ကြရသည်။စီးပွားရေးလုပ်ငန်းများ
ထိခိုက်နစ်နာရသည်။ အဖျက်အမှောင့်လုပ်ငန်းများကြောင့်တည်ငြိမ်မှုနှင့်အေးချမ်းသာယာမှုကို
မရနိုင်ပါ။အဖျက်အမှောင့်လုပ်ငန်းများသည် အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်ရာ ခရီးလမ်းကြောင်း၌ဆူးညှောင့်ခလုတ်များသာဖြစ်သည်။
0 comments:
Post a Comment