နိုဝင်ဘာလ၊(၅)ရက်နေ့ကဘီဘီစီအသံလွှင့်ဌာန၏အသံလွှင့်ချက်တွင်
ဆရာတော်ဦးကောဝိဒနှင့်ဆက်သွယ်မေးမြန်းချက်ဆိုသည်ကိုကြားခဲ့ရပါသည်။
အသက်(၂၄)နှစ်ဟုသိရသဖြင့်ရဟန်းဝါ(၄/၅)၀ါခန့်ရှိမည်ထင်ပါသည်။
ဆရာတော်မဟုတ်လောက်သေးပါ။သို့သော်ကျွန်တော်တို့နှင့်စာလျှင် ပရိယတ္တိစာပေသင်ကြားခဲ့ရသဖြင့်မြတ်ဗုဒ္ဒ၏အဆုံးအမတော်များကိုပိုမိုမှတ်သားနိုင်၊နားလည်နိုင်ပါမည်။ သို့သော်ဤဦးပဉ္ဇင်းသီတင်းသုံးခဲ့သည်။ရန်ကုန်မြို့၊နန်းဦးကျောင်းဝန်းအတွင်းဝှက်ထားသည့်
ပေါက်ကွဲပစ္စည်းတီအင်တီယမ်းပြင်းများဖေါ်ထုတ်ဖမ်းဆီးရမိသည့်သတင်းများကိုအောက်တိုဘာလ၊
(၁၈)ရက်နေ့ သတင်းစာများတွင်ဓါတ်ပုံနှင့်တကွဖတ်ခဲ့ရပါသည်။
ရဟန်းသံဃာတော်များနှင့်ယမ်းဖောက်ခွဲရေးပစ္စည်းများမှာ ဘယ်လိုမှမပက်သက်သင့်၊
မသက်ဆိုင်သင့်သည့်အနေအထားဖြစ်သည်။ဒကာရင်းများနီးစပ်သူကသာသနာ့အာ
ဝါသကျောင်းငန်ကိုအကာအကွယ်ပြု၍အပ်နှံက်ထားပေးရန်၊အတင်းအဓမ္မတိုက်တွန်းလွန်း၍
နားမလည်ပါးမလည်ရိုးအသူမို့အားနာသွားပြီးဝှက်ထားပေးမိလေသလား ဖြစ်မှဖြစ်ရလေဟုတွေးမိပါသည်။
ယခုဘီဘီစီ၏မေးမြန်းချက်နှင့်ဖြေကြားချက်များကိုကြားရတော့မှအဖြေကရှင်းသွားပါသည်။ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကဒေသအချို့တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်ဆူပူဆန္ဒပြမှုများကြောင့်ကျွန်တော်တို့ ပြည်သူများအားလုံးအနည်းနှင့်အများဒုက္ခရောက်ခဲ့ကြပါတယ်။ရောင်းရေးဝယ်တာများလည်းမကောင်းသဖြင့် စိတ်ညစ်ခဲ့ပါသည်။စာသင်ကျောင်းအချို့ယာယီပိတ်ရသည့်အထဲကိုယ့်ကလေးနေသည့်ကျောင်းပါနေသဖြင့် မိဖဖြစ်သူများရတက်မအေးခဲ့ရပါ။ယခင်(၁၉၈၈)ခုနှစ်တုန်းကလိုမင်းမဲ့စရိုက်တွေပြန်ဖြစ်လာအုံးမလားဟုတွေး ပူခဲ့ရပါသည်။သည်ဒုက္ခမျိုးတွေကိုဘယ်သူခံစားနိုင်ပါမည်နည်း။ကျွန်တော်လည်းပြည်သူကြားကပြည်သူတစ် ဦးသာဖြစ်ပါသည်။သည်လိုအခြေအနေမျိုးကို ထပ်မဖြစ်စေနိုင်တော့ပါ။
သို့သော်သည်လိုအဖြစ်မျိုး ထပ်မံဖြစ်ပွားစေချင်သူများ ရှိနေကြပါသေးသည်။ဘီဘီစီက“လှုပ်ရှားမှုများမ ပြီးဆုံးသေးဘူးလား၊ဘယ်လိုအခြေအနေရှိပါသလဲ”ဟုမေးပါသည်။ဦးကောဝိဒ“မပြီးဆုံးသေးတာမှန်ပါတယ်၊အခု လည်းကွက်ကြားကွက်ကြားဖြစ်နေတယ်လေ...........အခွင့်အရေးရင်တော့သူတို့ကပြန်ပြီးလုပ်ဆောင်နိုင်ကြ လိမ့်မယ်လို့ဦးပဉ္ဇင်းအနေနဲ့ မျှော်လင့်တယ်၊...........ဒါ့ကြောင့်တစ်ချိန်ချိန်မှာ အခွင့်အရေးရတဲ့အချိန်မှာဖြစ် လာကြလိမ့်မယ်လို့ဦးပဉ္ဇင်းအနေနဲ့ တအားကြီးမျှော်လင့်ပါတယ်”
ကိုယ့်နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ဖျက်လိုဖျက်ဆီးလုပ်လိုစိတ်ရှိသူ၊ဒကာ/ဒကာမ ပြည်သူလူထုများ ကိုဒုက္ခပင်လယ်ဝေစေလိုစိတ်ရှိသူများထဲတွင်တစ်ဦးအပါအ၀င်ဖြစ်သည့်ဦးကောဝိဒအတွက်ပေါက်ကွဲယမ်း ပစ္စည်းများသည့်အလွယ်လောက်တော့အသေးအမွှားပင်ဖြစ်ပါလိမ့်မည်။ရိုးအသူအားနာလွန်းပြီးပြုမိမှားလေသ လားဟုတွေးခဲ့မိပါသည်။ကျွန်တော့်ကိုယ်ကျွန်တော်သာအပြစ်တင်မိပါတော့သည်။