မစ္စတာဂန်ဘာရီကဒေါ်အောင်ဆန်းစုကြည်၏ကိုယ်စားကြေငြာချက်(၈-၁၁-၂၀၀၇)တွင်ဒေါ်အောင်ဆန်းစုကြည်မှ"အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ဆန္ဒနှင့်ပေါ်လစီများ၏ လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်သွားရန်ရှိပါသည်"တဲ့၊မစ္စတာဂန်ဘာရီက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားကြေငြာချက်ထုတ်ပြန်တော့မစ္စတာဂန်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်၏ကိုယ်စားလှယ်လား?မစ္စတာဘန်ကီမွန်၏ ကိုယ်စားလှယ်လားဆိုတာမျက်စိလည်သွားရပြန်ပါပြီ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ဆန္ဒဟာဘာလဲ?၊ဘယ်လိုပေါ်လစီမျိုးလဲ?၊ဘယ်လိုလမ်းညွှန်ချက်မျိုးလဲ?၊ ဘယ်သူ့ ဆန္ဒ၊ဘယ်သူ့ ပေါ်လစီ၊ဘယ်သူ့ လမ်းညွှန်ချက်ဆိုတာကျွန်တော် တို့ ပြည်သူတွေသိနေတယ်လေ။ "လူမျိုးစုများ၏အကျိုးများကိုအစဉ်တစိုက်အလေးထား စဉ်းစားသွားရန်မိမိ တာဝန်ဖြစ်ပါသည်"တဲ့။ ဘယ်သူကတာဝန်ပေးလို့ လဲ၊ဘာကိုသိလို့ ဘာကိုစဉ်းစား၊ဘာကို တာဝန်ယူမှာလဲ၊ သိနေတယ်လေ။ "အစိုးရနှင့်သက်ဆိုင်ရာ ပါတီများကိုလည်း မိမိနှင့်ပူးပေါင်းဆောင်ရွက်သွားရန် ဖိတ်ခေါ်ပါသည်"တဲ့၊ သူကဘာမို့ လို့ အစိုးရနဲ့ ပါတီများကိုဖိတ်ခေါ်ခွင့်အာဏာရသွားရတာလဲ? နိုင်ငံတော်ကိုကိုယ်စားပြုသယောင်ပြောနေတာလဲဘယ်သူ့ အားကိုးနဲ့ လဲဆိုတာသိနေတယ်လေ။ ဖိတ်ခေါ်တဲ့သူကပါတီရဲ့ အထွေထွေအတွင်းရေးမှူးတဲ့လား?၊တရား ၀င်ပါတီဥက္ကဌဦးအောင်ရွှေကိုယ်တိုင် လက်မှတ်ထိုးပြီးပါတီရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ်ကထုတ်ခဲ့ပြီးပြီ လို့ ကမ္ဘာသိ၊ နိုင်ငံသိ ကြေငြာပြီးပြီပဲ။" ထုတ်ပယ်လိုက်သူကိုပြန်ပြီးလက်ခံမှာလား?၊ အရေးကြီးတဲ့ကိစ္စမှာတောင်လက်လွတ်စပယ်ပေါ့ပေါ့တန်တန်ပြောရင် ဘာတွေဖြစ်မလဲဆိုတာသိနေတယ်လေ။ သိနေသူ