ဒေါ်လာဈေးကျသဖြင့် ရေနံစိမ်းတစ်ပီပါလျှင် ၉၈.၀၃ ဒေါ်လာဈေးပေါက်လာကြောင်း တွေ့ရသည်။ သည်ပုံအတိုင်းသာ ဈေးဆက်တက်လျှင် ရေနံဈေးသည် ဒေါ်လာတစ်ရာသို့ ရောက်သွားနိုင်သည်. ရေနံဈေးစဉ်ဆက်မပြတ်တက်နေခြင်းသည် စီးပွားရေးပညာရှင်များ အတွက် စိုးရိမ်မကင်းဖွယ်ရာဖြစ်သည်။

လေ့လာစမ်းစစ်သူများက ရေနံဈေးတက်ရခြင်းမှာ ဒေါ်လာတန်ဖိုးကျခြင်းကြောင့်ဖြစ် သည်ဟု ဆိုကြသည်။ ယူရိုငွေနှင့်ဒေါ်လာလဲလှယ်နှုန်းမှာ ၁ယူရိုလျှင် ၁.၄၈၁၉ ဒေါ်လာရှိ သဖြင့် ယူရိုတန်ဖိုးအမြင့်ဆုံးဖြစ်နေသည်။

အမေရိကန်ဗဟိုဘဏ်က လာမည့်ဒီဇင်ဘာလအတွင်း ဘဏ်တိုးနှုန်းလျှော့ချရန် အား လုံးကခန့်မှန်းမျှော်လင့်ထားကြရာ ထိုမျှော်လင့်ချက်ကလည်း ဒေါ်လာတန်ဖိုးကို ထိုးကျစေ သည်။ ဒေါ်လာတန်ဖိုးကျလျှင် အမေရိကန်စီးပွားရေး အားနည်းဆုတ်ယုတ်သွားမည်ဖြစ်သည်။

ယခင်က အမေရိကန်ဘဏ်၌ စီးပွားရေးပညာရှင်အဖြစ်တာဝန်ယူခဲ့ဖူးပြီး ယခုအခါ Global Insight ၏ စီးပွားရေးပညာရှင်ချုပ်အဖြစ် တာဝန်ယူနေသူတစ်ဦးက ကျွန်တော်တို့ အားလုံး အန္တရာယ်ဇုံအတွင်း ရှိနေကြသည်ဟု ဆိုသည်။

ရေနံစည်တစ်ပီပါလျှင် ၈၅ ဒေါ်လာဈေးမှ ၉၆ ဒေါ်လာဈေးအတွင်း ဈေးတက်ခဲ့ရခြင်း မှာ ရက်သတ္တအနည်းငယ်အတွင်း ဖြစ်ခဲ့သဖြင့် အားလုံးအံ့အားသင့်နေကြသည်။ ဈေးမြင့်တာ ကြာလေလေ အန္တရာယ်ပိုရှိလေ ဖြစ်နေသည်။