“တစ်နေ့လျှင် ခြေလှမ်းမည်မျှလှမ်းသင့်သနည်း”
Pedometer
Pedometer ဆိုသည်မှာ လမ်းလျှောက်စဉ် ခြေလှမ်းမည်မျှလှမ်းခဲ့သည်ကို ရေတွက် ဖော်ပြသည့်စက်ဖြစ်သည်။ မီးခြစ်ဗူးခွံသာသာမျှသာ အရွယ်ရှိသည်။ လက်ပတ်နာရီကဲ့သို့ လက်ကောက်ဝတ်၌ ပတ်ထားနိုင်သည်။ မြေကြီးပေါ်သို့ ခြေတစ်ချက်ချတိုင်း Pedometer ပေါ်၌ နံပါတ်တစ်ခုတက်ကာ ခြေလှမ်းအရေအတွက်ကို ဖော်ပြသည်။
ဈေးနှုန်းမှာ ၅ ဒေါ်လာမှ ဒေါ်လာ၅၀ကြားတွင် ရှိသည်။ အဆင့်မြင့် Pedometer သည် လမ်းလျှောက်စဉ် ခြေလှမ်းမည်မျှလှမ်းခဲ့ပြီးသည်ကိုသာမက ခရီးမည်မျှသွားခဲ့ပြီးပြီကိုလည်း ဖော်ပြသည်။ ကွန်ပြူတာနှင့်တွဲသုံးကာ လမ်းလျှောက်မှုမှတ်တမ်းကို ပြန်ကြည့်နိုင်သည်။
လမ်းလျှောက်သူက ဖြေးဖြေးနှေးနှးလျှောက်လျှင် Pedometer က ပုံမှန်အလုပ်မလုပ် နိုင်ပါ။ မှန်မှန်နှင့်မြန်မြန်လျှောက်မှ အလုပ်လုပ်သည်။
Pedometer လက်မှာပတ်ပြီး တစ်နေ့ခြေလှမ်းမည်မျှလှမ်းရမည်ဟု ပန်းတိုင်သတ်မှတ် ကာ လမ်းလျှောက်သူများသည် ထိုသို့ပန်းတိုင်မရှိဘဲ လမ်းလျှောက်သူများထက်ပို၍ကျန်းမာ ရေးကောင်းကြောင်း တွေ့ရသည်။
နေ့စဉ် ခြေလှမ်းပေါင်း ၂၀၀၀(တစ်မိုင်)ခန့် လမ်းလျှောက်ဖြစ်လျှင် သွေးတိုးပေါင်ချိန် (Blood Pressure)ကိုလည်း နိမ့်ကျစေကြောင်း
ကျန်းမာရေးလေ့ကျင့်မှုအစီအစဉ်များက နေ့စဉ်ခြေလှမ်းပေါင်း ၁၀,၀၀၀ (တစ်သောင်း) လမ်းလျှောက်သင့်ကြောင်း အကြံပြုကြသည်။
မကြာသေးမီနှစ်များအတွင်းက ကျန်းမာရေးလိုက်စားသူများအကြားတွင် Pedometer
0 comments:
Post a Comment