အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကိစ္စကို ဦးစားပေးဆွေးနွေးကြ ဖို့အကြောင်း၊ မြန်မာနိုင်ငံကလူ့အခွင့်အရေး အခြေအနေများဟာ တိုးတက်ကောင်းမွန်မှုမရှိကြောင်း၊ စိုးရိမ်စရာ အခြေအနေမှာပဲ ရှိနေတဲ့အကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာပင်နဲရိုးက ၁၇-၁၁-၂၀၀၇ရက်နေ့က ထိုင်းနိုင်ငံမှာ ပြောဆိုကြောင်း ကြားသိရပါ တယ်။ ဒီပုဂ္ဂိုလ် ဒီလိုပြောမယ်ဆိုတာ အရင်ထဲက ကြိုခန့်မှန်းထားပြီးသားပါပဲ။ ဘာမှမဆန်းပါ ဘူး။ ဟိုအရင်လာတဲ့အခေါက်တွေကတည်းကလည်း မလာခင်ထဲက မျက်မှန်စိမ်းတပ်လာခဲ့သူဆိုတော့ သူ့အမြင်သူ့စကားတွေဟာ အမြဲတစ်ဖက်စောင်းနင်း ချည်းပါပဲ။ ဒီလိုလူကို နောင် တိုင်ပြည်ထဲ ၀င်ခွင့်တောင် မပေးသင့်ပါဘူး။

ဒီကြားထဲ အမေရိကန်အထက်လွှတ်တော်ကလည်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် အဖြစ်ကနေ ရပ်ဆိုင်းထားဖို့ အာဆီယံထိပ်သီးအစည်းအဝေးပွဲကို တိုက်တွန်းတောင်းဆိုထားတယ်လို့ ၁၉-၁၁-၂၀၀၇ရက် နေ့က ဗွီအိုအေသတင်းက ကြားလိုက်ရပါတယ်။ သို့သော် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ အော့ကင်ယွန်းကလက်မခံဘူးလို့တဆက်တည်းကြေငြာသွားခဲ့ပါတယ်။ဒီလိုပဲဖြစ်ရပေမပေါ့ဗျာ။ တစ်ခြားမြို့က၊ တစ်ခြားရပ်ကွက်ကလူနဲ့ စာရင် ကိုယ့်ရပ်ကွက်ကလူအချင်းချင်းက တစ်ယောက်ရဲ့အခြေအနေတစ်ယောက် ပိုနားလည် နိုင်တာ သဘာဝပါပဲ။ မစ္စတာ အော့ကင်ယွန်းက “ကျွန်တော်တို့အသင်းဝင် ဘယ်နိုင်ငံကိုမဆို နှင်ထုတ်ပစ်ဖို့ မဖြစ်နိုင်ပါဘူး။ဒီလိုနည်းနဲ့ ပြဿနာကို အဖြေရှာလို့မဖြစ်ဘူးဆိုတာကိုလည်း သဘောပေါက် ပါတယ်” လို့ ပြောကြားကြောင်းလည်းသိရပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဆိုသူကတစ်မျိုး၊အမေရိကန်အထက် လွှတ်တော် ဆိုတာက တစ်ဖုံ အာဆီယံထိပ်သီးအစည်းအဝေးပွဲ ကျင်းပချိန်နဲ့ တိုက်ဆိုင်ပြီး သဘောထားမှတ်ချက်တွေ ပေးလို့ပေး၊ ဆုံးဖြတ်ချက် ချလို့ချနဲ့ ဖိအားပေးခဲ့ကြတာပါပဲ။ သူ့ဟာသူ ဘာတောင်းဆိုတောင်းဆို အာဆီယံအသင်းကြီးကလည်း ကိုယ့်ပဋိညာဉ်နဲ့ ကိုယ့်ရည်ရွယ်ချက်၊ ကိုယ်လုပ်ငန်းစဉ်တွေနဲ့ ဆက်လုပ် သွားမယ်လို့ ယုံကြည်ပါတယ်။ အနောက်ဖိအားတွေကတော့ ဒီနည်းနဲ့မရရင် တခြားနည်းနဲ့ လှည့်ပေး နေဦးမှာပါပဲ။အိမ်ရှေ့ကမရရင်အိမ်နောက်ကလည်းလှည့်ဝင်ရင်ဝင်လာတတ်တာမျိုးဆိုတော့ သတိတော့ထားရ မှာပေါ့လေ။

ကဲ ဘယ်နည်းနဲ့လာဦးမလဲ၊ ဘာဖိအား ညာဖိအား၊ ကြိုက်တဲ့ဖိအားလာခဲ့ဗျာ ၊ ကိုယ့် နိုင်ငံသူ၊ နိုင်ငံသားပြည်သူလူထုအပိုင်းက တစ်သွေးတစ်သံတည်း စုစုစည်းစည်းညီညီညွတ်ညွတ်ရှိရင် ဘာမှဂရုစိုက်စရာ မလိုပါဘူး။ အဓိကက စုစည်းညီညွတ်ရေး အင်အားပါပဲ။