အနီးမှုံနေသော အန်တီစု
မစ္စတာဂမ်ဘာရီ စက်တင်ဘာလနောက်ပိုင်း ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ပြီး အပြန်တွင် အန်တီစုထုတ်ပြန် ကြေညာချက်အား ထုတ်ပြန်ကြေညာခဲ့ပါသည်။
ထိုကြေညာချက်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းစည်းလုံးညီညွတ်ရေးအတွက် ၄င်းမှနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ခေါ်ယူညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဖေါ်ပြထားသည်ကို ဖတ်ရပါသည်။
ကျွန်တော် တော်တော် အံ့သြသွားပါသည်။ကျွန်တော်တို့  နိုင်ငံတော်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုအတွက် ယခင်လက်နက်ကိုင်
ဆန့် ကျင်ခဲ့ကြသော တိုင်းရင်းသားအဖွဲ့ အစည်းများအား တပ်မတော်မှ နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်မှစ၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် နယ်မြေအေးချမ်းမှုအတွက် ငြိမ်းချမ်းရေးရယူတည်ထောင်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံအနှံ့ အပြား နေ့ ရောညပါအေးချမ်းတည်ငြိမ်စွာ သွားလာလုပ်ကိုင်
လျက်ရှိကြသည်ကို နေရာတိုင်းတွင် တွေ့ မြင်ပြီး လက်တွေ့ ခံစားနေကြရပြီဖြစ်ပါသည်။၎င်းအခြေအနေသည် မြေပြင်လက်တွေ့ အမှန်တရား ဖြစ်ပါသည်။
ထို့ ပြင် စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရန်အတွက် အမျိုးသားညီလာခံတွင် နိုင်ငံတစ်ဝှမ်းလုံးမှ
ကိုယ်စားလှယ်များဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့ရာ အခြေခံမူများ ချမှတ်အောင်မြင်ခဲ့ပြီဖြစ်ပါသည်။၎င်းအခြေအနေကိုလည်း မျက်စိအောက်တွင် မြင်နိုင်ပါသည်။
ထိုကဲ့သို့ မျက်စေ့အောက်တွင် ဖြစ်ပေါ်နေသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိရန် ဆောင်ရွက်မှု၊တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်အောင် အမျိုးသားညီလာခံတွင် ကိုယ်စားလှယ်များ ဆွေးနွေးဆောင်ရွက်မှုအခြေအနေများကို အန်တီစုမမြင်ဘဲ၊ ဖေါ်ပြပါအတိုင်း "ဂမ်ဘာရီ"မှတဆင့် စင်္ကာပူတွင် ကြေညာချက်ထုတ်ခြင်းမှာ အနီးတွင် ဖြစ်ပေါ်နေသော အခြေအနေများကို မျက်ကွယ်ပြုပြီး၊ဆရာကြီးများခိုင်းစေချက်အတိုင်းရေးသား
ထုတ်ဝေခြင်းသာဖြစ်ပါသည်။ထို့ ကြောင့် အန်တီစုအနီးမှုံရောဂါ ဖြစ်နေသည်၊၄င်းအနီးမှုံရောဂါသည် အနောက်တိုင်း အထင်ကြီး၊ဒေါ်လာများကို စား
သော အစားအစာများမှ ဖြစ်လာခြင်း ဖြစ်ပါသည်။
0 comments:
Post a Comment