ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်း နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး(၂၀၀၇)ကို နေပြည်တော်တွင် နိုဝင်ဘာ ၁၂ ရက်နေ့ မှ ၁၆ ရက်နေ့ အထိ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။အဆိုပါ အစည်းအဝေးကြီးသို့ အသင်းဝင် ၂၄ သန်းကျော်တို့ ကိုယ်စား ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကိုယ်စားလှယ်ပေါင်း ငါးရာကျော် တက်ရောက်ခဲ့ကြပြီး ရှေ့ လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။
အေးချမ်းသာယာပြီး ခောတ်မီဖွံ့ ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးသည် နိုင်ငံသားအားလုံးက တညီတညွတ်တည်း ယုံကြည်လက်ခံထားကြသည့် အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။နိုင်ငံတော် ရှေ့ ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်နှင့်အညီ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဖော်ဆောင်လျက်ရှိသည်။
ဒီမိုကရေစီနိုင်ငံတော်သစ်ကို ကြိုးပမ်းတည်ဆောက်ရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည်ဖြစ်ရာ မည်သည့်အဖျက်လုပ်ရပ်မှန်သမျှ၊
ဘက်လိုက်စွက်ဖက်မှုမှန်သမျှကိုမဆို ကန့် ကွက်တားဆီးသွားကြရမည် ဖြစ်သည်။နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ထိပါးနှောင့်ယှက်
လာမည့် အဖျက်လုပ်ရပ်မှန်သမျှကို စွန့် လွှတ်စွန့် စားသော သတ္တိဖြင့် ကာကွယ်တွန်းလှန်သွားကြရမည်ဖြစ်သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှု၊စီးပွားရေးခိုင်မာတောင့်တင်းမှုနှင့် လူ့ စွမ်းအားအရင်းအမြစ်များ ဖွံ့ ဖြိုးတိုးတက်မှုတို့ သည် နိုင်ငံတော်သစ်တည်
ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည်။နိုင်ငံတော်အစိုးရက အဆိုပါ အခြေခံလိုအပ်ချက်များ တိုးတက်ကောင်းမွန်စေရေး ဖြည့်ဆည်းရင်း နိုင်ငံတော်သစ် အသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
နိုင်ငံတော်တွင် အေးချမ်းသာယာပြီး ခောတ်မီဖွံ့ ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဟူသည့်
အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင်ရှိပြီးဖြစ်သည်။တစ်မျိုးသားလုံး အငြင်းပွားစရာမရှိသည့် ဒို့ တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် အလေးထားဖော်ဆောင်နေသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်းဝင်များအားလုံးက နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကြီးမှ ချမှတ်လိုက်သော ရှေ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ထောင်နိုင်မည်ဖြစ်ပါသည်။