ယနေ့အချိန်အခါတွင်လောက၀တ်ကျေးဇူး၊ ဓမ္မ၀တ်ကျေးဇူးများ ရောယှက်
နေသော်လည်းလောက၀တ်နှင့်ဓမ္မ၀တ်မှာသီးခြားစီဖြစ်ပါသည်။ ထို့ကြောင့်ဘုရားရှင်မှ“ရဟန်းတို့သီလကိုအပျက်မခံလင့်၊ လောက ၀တ်ကို
အပျက်ခံ၊သီလကို အသက်စွန့်၍ စောင့်ထိန်းလော့”
ဟုဟောတော်
မူခဲ့သည်။ ဘုရားသာသနာတော်၌ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ
(အကျဉ်း၂၂၇သွယ်၊အကျယ် ကုဋေ ကိုးထောင်ကျော်သော

ဝိနည်းသိက္ခာပုဒ်) များအတိုင်း လိုက်နာသော ရဟန်းသည်
“လဇ္ဇီ”(၀ါ) “၀ိပဿနာဓုရ” (တရားကျင့်ကြံခြင်း)၊ “ဂန္ဓာဓုရ”
(စာပေကျမ်းဂန်လေ့လာလိုက်စားခြင်း) နှစ်ပါးအားကျင့်သော
ရဟန်းအဖြစ်သတ်မှတ်ပြီး၎င်းသိက္ခာပုဒ်၊
ဝိနည်းများကို သိလျက် သိက္ခာပုဒ်များကို လွန်ကျူး၍ ကျင့်ခြင်း၊
သင့်သောအာပတ် (စည်းကမ်းဖောက်မိခြင်း)ကို လျှို့ဝှက်ခြင်း၊
အဂတိသို့လားခြင်း စသည် တို့ လွန်ကျူးသောရဟန်းကို
“အလဇ္ဇီ”ဟုသတ်မှတ်ပါသည်။ ရူးသော သူသည် ငါအရူးဟု
မသိသကဲ့သို့၊ သူမိုက်သည်ငါအမိုက်ဟုမသိသကဲ့သို့
“အလဇ္ဇီ”သည်လည်း ငါ“အလဇ္ဇှီ”ဟု မသိကြပေ။ထို့ကြောင့် မြတ်စွာဘုရားက “ငါဘုရား၏သာသနာတော်ကို ငါဘုရား၏သားတော်များကသာ ဖျက်စီး နိုင်ပေသည်”ဟုဟောကြားခဲ့ရာ၊ ၄င်းဖျက်ဆီးနိုင်သူ ဘုရားသားတော် များမှာ တစ်နည်းအားဖြင့် အလဇ္ဇီရဟန်းများကို ဆိုလိုရင်းပင် ဖြစ်သည်။
သီလ၀ိသောဓနိကျမ်းလာ “အလဇ္ဇှီပုဂ္ဂိုလ်သည်
ဝိနည်းတတ်သော်လည်း မကျင့်သောကြောင့်
သာသနာတော်မတည်မြဲနိုင်ပါ။ လဇ္ဇီပုဂ္ဂိုလ်ပင်ဖြစ်
သော်လည်း ၀ိနည်းမတတ်သော် သာသနာတော် မတည်နိုင်ပါ။
အလဇ္ဇီရဟန်းတို့ အားပစ္စည်းထောက်ပံ့ချီးမြှင့်ကုန်သော ဒါယကာတို့
သည်လည်းအလဇ္ဇီပဂ္ဂဟဖြစ်ခဲ့လျှင်အပြစ်ကြီးပေသည်။ သာသနာဖျက်သူ
လည်း ဖြစ်၏။ ဆရာဒါယကာနှစ်ဦးအကျိုးနည်းလေပြီ”
ဟုဆိုထားပါသည်။
သို့ဖြစ်ပါ၍ သာသနာတော်အကျိုးကို ရှေးရှု၍ အလဇ္ဇီရဟန်းများသည်
လည်း ၀ိနည်းသိက္ခာပုဒ်များအတိုင်း လိုက်နာကျင့်ကြံခြင်းဖြင့်
လဇ္ဇီရဟန်းများအဖြစ်ဖြင့်ယခုဘ၀နှင့် နောင်သံသရာတွင်အကျိုးရှိနိုင်ရေး
အား ထုတ်ကြိုးပမ်းသင့်ကြပြီ ၊ ၀ိနည်းသိက္ခာများအား မလိုက်နာ
မစောင့်ထိမ်းသော အလဇ္ဇီရဟန်းယောင်များအားလည်း သာသနာမှ
အမြန်ဆုံး ဖယ်ရှားပစ် သင့်ကြောင်း
အကြံပြု တိုက်တွန်းလိုက်ရပါသည်။
“ ဗုဒ္ဓသာသနံ စိရံတိတ္တတု ”
သာသနာအကျိုးလိုလားသူ