"အရှိကိုအရှိတိုင်းမြင်သင့်ပါပြီ"
လက်ရှိအချိန်၌နိုင်ငံတော်အစိုးရသည်ဒီိမိုကရေစီဖေါ်ဆောင်မှုသည်ကြိုးပမ်းဆောင်ရွက်
လျှက်ရှိသကဲ့သို့ တစ်ဖက်မှာလည်းအမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိုအလေး
ထားဆောင်ရွက်လျက်ရှိသည်။စစ်မှန်၍ စည်းကမ်းပြည့်ဝသည့်ဒီမိုကိုဖေါ်ဆောင်နိုင်ရန်အတွက်ရှေ့ ဆက်သွားရမည့်မူဝါဒလမ်းစဉ်(၇)ရပ်ကိုမြန်မာသိကမ္ဘာသိကြေငြာပြီး၊မူဝါဒလမ်းစဉ်
(၇)ရပ်အနက် ပထမမူဝါဒလမ်းစဉ်(၂)ဆင့်ကိုအစဉ်အတိုင်းအကောင်အထည် ဖော်ပြီးစီးခဲ့သဖြင့်
တတိယအဆင့်ဖြစ်သောနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအားရေးဆွဲရန်စီမံပြင်ဆင်နေ ပြီဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်ကို အောက်တိုဘာလ၊(၁၈)ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အနေဖြင့်ရေးဆွဲမှုစတင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ဒီမိုကရေစီကိုမူဝါဒလမ်း စဉ်(၇)ရပ်ဖြင့်ငြိမ်းချမ်းစွာအကောင်ထည်ဖော်ဆောင်နိုင်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်
ရေးအတွက် စည်းလုံးညီညွတ်စွာပူးပေါင်းအကောင်အထည်ဖော်ရေးတို့ကို ရည်မှန်းပြီး၊နိုင်ငံတော်အေးချမ်းသာ
ယာရေးနှင့်ဖွံ့ရေးကောင်စီသည်ကြေငြာချက်အမှတ်(၁/၂၀၀၇)ကိုထုတ်ပြန်ကာ
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေးကိုဆောင်ရွက်ခဲ့သည်။
ဆက်ဆံရေးဝန်ကြီးအဖြစ်တာဝန်ပေးအပ်ထားသူအလုပ်သမားဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ကြိမ်တွေ့ဆုံခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားရေးဒီမိုကရေစီအဖွဲ့ချုပ် မှဗဟိုအလုပ်အမှုဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြခြင်းများကိုလည်း သတင်းစဉ်များထုတ်ပြန်ပေးခဲ့ပြီဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတို့
အတွက် သင့်တင့်လျောက်ပတ်မည့်နည်းလမ်းများရှာဖွေ၍ အစွမ်းကုန်အားထုတ်ကြိုးပမ်းနေခြင်းကို ဤဖြစ်စဉ် များသက်သေခံနိုင်သည်။ဤအရှိတရားကိုအရှိတိုင်းလူတိုင်းမြင်နိုင်ကြပါသလား။
မမြင်နိုင်ကြသူများရှိနေကြောင်းပြည်ပသတင်း မီဒီယာများ၏ ထုတ်လွှင့်ချက်များအရ သိနေရပါသည်။ ၄င်းအသံလွှင့်ဌာနများကတော့အစိုးရဆန့်ကျင်စကားသာဖြစ်ပါစေ
ဘယ်သူပြောပြောတခမ်းတနားချဲ့ကားအသံလွှင့်ပေးနေကြသည်။ ပြောကြားသူ
များကိုလည်းနိုင်ငံတော်အစိုးရကဘာလုပ်လုပ်အကောင်းကိုမမြင်နိုင်ကြ၊ပြည်ပ
မီဒီယာတင်ဆက်မှုများက လည်း၎င်းတို့ဖြစ်စေချင်သည့်ပုံစံဝင်အောင်
နှပ်ကြောင်းပေးခြင်း၊ ကြားဖြတ်ထည့်သွင်းခြင်းတို့ဖြင့် အချိန်ကိုက်တစ်
မျိုးပြီး တစ်မျိုးလှုံ့ဆော်ပေးနေသည်။ နိုင်ငံရေးသမားဆိုသူများကို သာမကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပါ တစ်ယောက်တစ်ပေါက်ပါဝင်ပြောကြားစေခြင်းဖြင့် အခြေအနေကိုပိုမိုရှုပ်ထွေးအောင်လည်း တမင် လုပ်နေကြသည်။
သမကအား နိုဝင်ဘာလ၊ (၁၀)ရက်နေ့ ဗီအိုအေအသံလွှင့်ဌာန၏ သတင်းဆောင်းပါးတွင် ကရင်သောင်း
ကျန်းသူများအဖွဲ့အစည်း KLU ၏ဗဟိုဦးဆောင်ကော်မတီဝင်ဖြစ်သူ တေဒေးဗစ်တာကပါအား မေးမြန်းရာ၌
"ဒေါ်စုတို့ ၊ ဒီမိုကရေစီ၊ နအဖကတော့ဖက်ဆစ်၊ အဲဒီတော့ ပူးပေါင်းလုပ်ဖို့မလွယ်ဘူးလေ၊ ပူးပေါင်းလုပ်တာ
ကတော့ မဖြစ်နိုင်တာကိုပြောတာပေါ့လေ"ဟုပြောကြားသွားသည်ကိုကြားလိုက်ရသည်။ သဘောထားအယူ
အဆမျိုးစုံရှိနေကြသည်။ တိုင်းရင်းသားညီအကိုမောင်နှမများ၊ နိုင်ငံသူနိုင်ငံသားများအေးအေး
ဆေးဆေးပြေပြေလည်လည်ဆွေးနွေးညှိနှိုင်းသာလျှင် ၄င်းထက်ပို၍ နိုင်ငံကောင်းကျိုးလက်တွဲလုပ်
သွားကြလျှင်မကောင်းပါသလော၊ မင်္ဂလားမရှိပါသလော။
နိုင်ငံတော်အစိုးရလုပ်သမျှ မကောင်းပြောနေကြသူတို့၏ အသံကိုပြည်သူအများက အသိတရားဖြင့်ဖယ်
ရှားဆန့်ကျင်သင့်ပါသည်။ နားထောင်ရုံဖြင့်မသပြီးပါ။ မိမိတို့၏ပကတိရိုးရှင်းမှန်ကန်သည့် အမြင်ကိုလည်း
မိမိနေရာ၊ မိမိပတ်ဝန်းကျင်၌ ဝေငှဖြန့်ဖြူးသင့်ပါသည်။ မှန်ကန်ခြင်းနှင့်ရဲရင့်ခြင်းသည်အတူရှိသင့်ပါသည်။
0 comments:
Post a Comment