ဘရားဇီးနိုင်ငံ၊ရီအိုဒီဂျေနေရိုးမြို့မှာ ကမ္ဘာ့ကုလသမဂ္ဂကြီးမှူးပြီး၊ အင်တာနက်ဆိုင်ရာ
ကွန်ဖရင့်တစ်ရက်ကို ပြုလုပ်နေပါတယ်။ဒီကွန်ဖရင့်မှာ အင်တာနက်လိပ်စာ သတ်မှတ်မှု
အပေါ် အမေရိကန်က လွှမ်းမိုးချုပ်ကိုင်ထားတဲ့ကိစ္စကို ၀ိုင်းပြီး ဆွေးနွေးနေကြပါတယ်။
တကယ်တော့ အင်တာနက်မှာ ပထ၀ီနယ်နိမိတ်တွေ၊နယ်ခြားမျဉ်းတွေ မရှိပါဘူး၊ဒါ
ကြောင့်အင်တာနက် ဆိုတာဟာ အားလုံးရဲ့နယ်မြေထဲမှာ ရှိနေတဲ့အတွက် နိုင်ငံတိုင်းက
ထိန်းချုပ်ဖို့ အခွင့်အလမ်းရှိသင့်တာ အမှန်ပါဘဲ။
အမေရိကန်ဟာ အင်တာနက်ကို ထိန်းချုပ်ခွင့်ရထားလို့ Online ပေါ်မှာ ပေါ်သမျှကိစ္စ
တိုင်းအတွက်လည်း အနည်းနှင့်အများ သြဇာသက်ရောက်မှုရှိနေတာကို တွေ့ရပါတယ်။
မနှစ်က ဂရိနိုင်ငံ၊အေသင်မြို့မှာ Internet Governance Forum လုပ်တုန်းက အမေရိ
ကန်တို့ကအင်တာနက်အပေါ် ထိန်းချုပ်ထားတာကို အားရပါးရ မဆွေးနွေးလိုက်ရဖူးလို့
သိရပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ (၁၇%)(သန်းတစ်ထောင်)ဟာ အင်တာနက်ကို သုံးစွဲလျက်ရှိနေကြပါတယ်။