အ၀လွန်လျှင် ဆီးချိုရောဂါ၊နှလုံးရောဂါများဖြစ်ခြင်း၊လေဖြတ်ခြင်းနှင့် အချိန်မတန်မီ သေဆုံးခြင်းတို့
ဖြစ်နိုင်ကြောင်းဆေးသုတေသနပညာရှင်များက လေ့လာတွေရှိခဲ့ကြပြီးဖြစ်သည်။
သို့သော် အ၀လွန်ခြင်းနှင့်ကင်ဆာရောဂါဖြစ်ခြင်းတို့ကြား ဆက်စပ်မှုရှိနေခြင်းကိုလူသိမများလှသေးပေ။
အင်္ဂလန်နိုင်ငံတွင် အမျိုးသမီးထုအား ဆေးသုတေသနပြုချက်အရ ရှိသင့်ရှိထိုက်သော
ကိုယ်အလေးချိန်ထက်ပိုရှိနေသူ၊အ၀လွန်ပြီးဗိုက်ခေါက်ထူနေသူ အမျိုးသမီးများသည် ကင်ဆာရောဂါဖြစ်ရန် အခွင့်အရေးပိုများနေကြောင်းသိရသည်။
အ၀လွန်ပါက အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ၊သားအိမ်ကင်ဆာ၊ကျောက်ကပ်ကင်ဆာ၊
ပန်ကရိယကင်ဆာ၊သွေးကင်ဆာနှင့်အဖုအကျိတ်များဖြစ်လာနိုင်သည့်အန္တရာယ်ရှိသည်။
အ၀လွန်သော အမျိုးသမီးများသည် သွေးဆုံးပြီးလျင်လည်း ရင်သားကင်ဆာဖြစ်နိုင်ချေရှိသည်။
အမေရိကန်ကင်ဆာအဖွဲ့ဝင်တစ်ဦးက အ၀လွန်သောအမျိုးသမီးများ၌အူမကြီးကင်ဆာဖြစ်နိုင်ချေပိုများသည်ဟုလည်း
သုံးသပ်တင်ပြပါသည်။
အင်္ဂလန်နိုင်ငံ၏ဆေးသုတေသနပြုချက်တွင် အမျိုးသမီးပေါင်း(၁.၂)သန်းခန့်ကို လေ့လာခဲ့ခြင်းဖြစ်ကာ ၁၉၉၆ခုနှစ်မှစ၍အသက်(၅၀)မှ(၆၄)နှစ်ကြားရှိ အမျိုးသမီးများကိုသာ အထူးပြုကာ အ၀လွန်မှုနှင့် ကင်ဆာရောဂါတို့ကြား ဆက်စပ်မှုရှိခြင်းကိုသုတေသနပြုခြင်းဖြစ်သည်။