" သတင်းကြီးပါလ ဘီဘီစီ"
မဟုတ်မမှန် မုသာဝါဒသတင်းတွေ ထုတ်လွှင့်တဲ့နေရာမှာ ပြောင်မြောက်တဲ့
ဘီဘီစီအတွက် ခုတစ်လော မျက်နှာမလှ၊ အရှက်ရစရာဖြစ်ရပ်တွေနဲ့ ဆက်တိုက်
ကြုံတွေ့နေရပါတယ်။ကိစ္စတွေကတော့ ရုပ်မြင်သံကြားသတင်းများ ထုတ်လွှင့်ရာ
မှာ လုပ်ဇာတ်တွေဆင်ခဲ့၊ ပရိသတ်ကိုလှည့်ဖြားခဲ့တာတွေ တစ်ခုပြီးတစ်ခုပေါ်လာ
လို့ ဖြစ်ပါတယ်။ အခုနောက်ဆုံးသတင်းကတော့ နိုဝင်ဘာလ၊ (၁၂)ရက်နေ့
သတင်းစာတွေမှာ ပါတဲ့အတိုင်း ရုပ်ရှင်မင်းသားတစ်ဦးနဲ့ ကလေးများတွေ့ဆုံခန်း
ရုပ်သံအစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့ကလေး(၄)ဦးအနက် (၂)ဦးဟာ သူတို့ကြေညာ
ခဲ့သလို ရုပ်မြင်သံကြားပရိတ်သတ်ထဲက ရွေးချယ်ခဲ့တာမဟုတ်ဘဲ ပြဇာတ်အဖွဲ့တစ်
ခုကသရုပ်ဆောင်ကလေးတွေ ဖြစ်နေတာပါဘဲ။ သူ့နိုင်ငံတွင်းက နီးနီးနားနားက
သိနေကြတဲ့လူတွေကိုတောင် ဗြောင်လိမ်ရင်အဝေးကလူတွေ၊ တခြားနိုင်ငံက
သူတို့နဲ့လည်း ဘာမှသွေးမတော်သားမစပ်သူတွေအတွက်ဆို ဘယ်လောက်များ
လက်ရဲဇက်ရဲ ညာလိုက်မလဲ တွေးကြည့်နိုင်ပါတယ်။
နိုဝင်ဘာလ၊ (၁၀)ရက်နေ့ညပိုင်း ထုတ်လွှင့်ခဲ့တဲ့သတင်းတစ်ခုကို ကြားရတော့
လည်း ဘီဘီစီက သတင်းတွေရဲ့အဆင့်အတန်းကို ပိုပြီးသဘောပေါက်ရပြန်ပါတယ်။
စက်တင်ဘာလပြပွဲတွေအတွင်း ရန်ကုန်မှာသေဆုံးခဲ့တဲ့ဂျပန်လူမျိုး၊ ကင်ဂျီနာဂါဘီ
မသေဆုံးခင်က သူ့နောက်ကိုမြန်မာအစိုးရရဲ့ထောက်လှမ်းရေးတစ်ဦးက လိုက်လံ
စောင့်ကြည့်နေခဲ့ပါသတဲ့။ ဘယ်သူကပြောတာလဲဆိုတော့ သေဆုံးသူရဲ့ဘာသာပြန်
လုပ်ခဲ့တဲ့ အသက်(၂၀)ခန့် အမည်မသိမြန်မာတစ်ဦးဖြစ်ပြီး၊ တိုကျိုမြို့၊ဒိုင်းယက်လွှတ်
တော်အဆောက်အဦမှာ ပြောသွားတာဖြစ်ပါတယ်။ အဲ့ဒီ ဘာသာပြန်ကလည်းအစိုးရ
ဖမ်းမှာစိုးတဲ့အတွက် ဂျပန်ကို ထွက်ပြေးလာခဲ့တာဖြစ်ပါတယ်တဲ့။ အမည်မသိအသက်
(၂၀)ခန့် ဘာသာပြန်တစ်ဦးလုပ်ခဲ့သူတဲ့ဗျာ၊ သတင်းများ တယ်လဲတိကျခိုင်လုံအခြေ
အမြစ်ရှိပါလေ့ ဘီဘီစီ။ ဒါကြောင့်လဲ နာမည်ကြီးပေတာပါဘဲ။
0 comments:
Post a Comment