“စင်္ကာပူရောက်မှ ဗွေဖောက်တဲ့ ဂမ်ဘာရီ”
ပွဲစားဆိုတာ နေရာတိုင်းမှာရှိပါတယ်။ အိမ်ပွဲစား၊ ကားပွဲစား စုံမှစုံပါဘဲ။နောက်ဆုံးလူသိအများဆုံးနဲ့ နိုင်ငံတကာမှာ ထင်ရှားတဲ့ပွဲစားကတော့ လူပွဲစားထင်ပါတယ်။အဲ-သူ့ထက်ကဲပွဲစားကတော့ နိုင်ငံရေးပွဲစားလို့ အမည်တပ်ချင်တာပါတယ်။ ပူပူနွေးနွေးနိုင်ငံရေးပွဲစားကတော့ မစ္စတာဂန်ဘာရီပေါ့ဗျာ။ နိုင်ငံတွေကိုကူးလိုက်၊လေယာဉ်နဲ့ခရီးသွားလိုက်နဲ့ပါပဲ။ အတော်ကိုအလုပ်ရှုပ်တဲ့ပွဲစားပါဘဲ။မစ္စတာဂန်ဘာရီဟာ အသားမည်းမည်း ပြုံးပြုံးပြုံးပြုံးနဲ့ သဘောကောင်းတဲ့လူကြီးအသွင်ပေါက်ပါတယ်။ သူဟာမြန်မာနိုင်ငံအကျိုးကိုသယ်ပိုးမဲ့ ကုလသမဂ္ဂပုဂ္ဂိုလ်ကြီးပါ။ ဒါကြောင့်လည်းမြန်မာနိုင်ငံရောက်တုန်း ဒေသအနှံကိုသွားခဲ့တယ်။ နိုင်ငံတော်အဆင့်တွေနဲ့တွေ့ခဲ့တယ်။ သူများတွေပြောတဲ့လေသံအတိုင်းပြောရရင် ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့လည်းတွေ့ခဲ့တယ်။ဒါပေမဲ့ ဂမ်ဘာရီဟာ မြန်မာလူမျိုးတို့ရဲ့လိုက်လျောကူညီတတ်မှု၊ ဖော်ရွေမှု၊ အားနာမှုဆိုတဲ့ဓါတ်တွေကူးသွားတယ်နဲ့တူတယ်။ ဒေါ်စုကြည်ရဲ့ထုတ်ပြန်ချက်ကို မြန်မာတွေကိုအားနာလို့ထင်ပါတယ်။ ရန်ကုန်မှာကော နေပြည်တော်မှာပါ ဘယ်မှာမှမထုတ်ပြန်ခဲ့ပါဘူး။ကြည်ညိုစရာကောင်းလိုက်တာ စင်္ကာပူရောက်မှသာထုတ်ပြန်ခြင်းပါပဲ။ ဒီလိုကြေညာတာကိုမြန်မာပြည်ဖွား ဘီဘီစီ၊ ဗွီအိုအေ၊ တို့မှအသိစိတ်ဓါတ်ရှိသူတွေက လက်မနှေးဘဲအသိပေးခဲ့ကြတယ်။သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ စကားလိုပါပဲပေါ့ဗျာ။ ဒီလိုကြေညာချက်ထုတ်တာဟာဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ လူကြီးလူကောင်းမဆန်ဘူး၊ မြန်မာနိုင်ငံထဲမှာဒီကြေညာချက်ကို ထုတ်သွားပါလား။ ရန်တွေ့သလိုလဲပါရဲ့။ ပြေပြေလေးပြောတာတွေလည်းပါရဲ့ပေါ့ဗျာ။နိုဝင်ဘာ(၁၃)ရက်မှာဦးအောင်ခမ်းထီတို့ရဲ့ ပအိုင်းအမျိုးသားအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးနဲ့တွေ့တော့ သူကပြောတယ်လေ။ မစ္စတာဂန်ဘာရီရဲ့လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး သူတို့အဖွဲ့ကကြေညာချက်တစ်ရပ်ထုတ်ထားတဲ့အကြောင်းပါဘဲ။မစ္စတာဂန်ဘာရီက ဒေါ်စုကြည်အစားထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ ဒေါ်စုကြည်အနေနဲ့ တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုမယ် ဆိုတဲ့သဘောသက်ရောက်တဲ့ အချက်များပါဝင်နေကြောင်း၊ ဒါဟာတစ်ဦးတည်းရဲ့ဆန္ဒအရ ထုတ်ပြန်ခြင်းဖြစ်လို့တရားမ၀င်ကြောင်း စုံနေတာပါဘဲ။ သူတွေ့ကြုံနေတဲ့နိုင်ငံရေးအခြေအနေတွေကို ပြောပြနေလို့လည်း အားနာနာနဲ့စကားဖြတ်ခဲ့ရသေးတယ်။ဘာဘဲဖြစ်ဖြစ်လေ တိုင်းရင်းသားလူမျိုးစု(၁၀၀) ကျော်ရှိတဲ့ ကျွန်တော်တို့နိုင်ငံမှာသူထင်ရာသူလုပ်၊ ကိုယ်ထင်ရာကိုယ်လုပ်နေလို့ကတော့ နိုင်ငံတော်အတွက်ဘာမှဖြစ်လာစရာအကြောင်းမရှိဘူးပေါ့ဗျာ။
0 comments:
Post a Comment