အမေရိကန်ဆန့်ကျင်ရေး စီတန်းလှည့်လည်မှုအား တားဆီးရာမှ အဓိကရုဏ်းဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့တော်တွင် အမေရိကန်ဆန့်ကျင်ရေးသမား သောင်းပေါင်းများ
စွာပါဝင်သည့် တောင်ကိုရီယားနိုင်ငံသားများက ခွင့်ပြုချက်မရှိပဲ အမေရိကန်သံရုံးသို့ ချီတက်ဆန္ဒပြရန်
ကြိုးပမ်းသဖြင့် ရဲတပ်ဖွဲ့ဝင်များကတားဆီးပိတ်ပင်ရာမှအဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်းသိရသည်။တောင်
ကိုရီးယားအစိုးရက အမေရိကန်နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ချုပ်ဆိုမှုနှင့်
အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့တွင် တောင်ကိုရီးယား
တပ်ဖွဲ့များ ပူးပေါင်းပါဝင်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံသားများက
စီတန်းလှည့်လည်ဆန္ဒပြခြင်းဖြစ်သည်။ စီတန်းလှည့် လည်မှုအား တားဆီးသည့် အတွက်ရာပေါင်းများ
စွာသော ဆန္ဒပြသမားများက ရဲကားမှန်များကို ရိုက်ခွဲခြင်းနှင့် တုတ်၊ကျောက်ခဲများဖြင့်ပစ်ပေါက်သဖြင့်
ရဲတပ်ဖွဲ့ဝင်များက တုတ်၊ ဒိုင်းနှင့် ရေအမြောက်များ အသုံးပြု၍ လူစုခွဲပြီး ဆန္ဒပြသမားဒါဇင်ပေါင်းများ
စွာအား ဖမ်းဆီးခဲ့သည်ဟု ဆိုးလ်မြို့ရဲတပ်ဖွဲ့အေဂျင်စီက ပြောကြားသည်။ဒီဇင်ဘာလတွင်ကျင်းပမည့်
သမ္မတရွေးကောက်ပွဲ ကာလသို့ ဦးတည်နေချိန်တွင် နိုင်ငံရေးအရ ထိလွယ်ခိုက်လွယ်သည့်အင်အားပြ
စုရုံးမှုကို တားဆီးရန် တောင်ကိုရီးယား ၀န်ကြီးများက ပူးတွဲကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးမည်
သည့် တရားမ၀င်ရုန်းရင်းဆန်ခတ်မှုကို မဆို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် ရဲတပ်ဖွဲ့ဝင်များအား သတိ
ပေးပြောကြားလိုက်သည်။ တောင်ကိုရီယား နိုင်ငံသည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီ
ချက်စာချုပ်ကို ပြီးခဲ့သည့် ဇွန်လက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment