ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်မစ္စတာဂမ်ဘာရီသည် နိုဝင်ဘာ(၈)ရက်တွင် စင်္ကာပူနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို သူမ၏ကိုယ်စားထုတ်ပြန်ကြောင်း သိရှိရသည်။
အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ပါအချက်များနှင့် စပ်လျဉ်း၍ တရားဝင်ဖွဲ့ စည်းထားသော နိုင်ငံရေးပါတီများ။ဥပဒေဘောင်အ
တွင်းဝင်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် အမျိုးသားညီလာခံတိုင်းရင်းသား ကိုယ်စားလှယ်များ အစုအဖွဲ့ မှ ပြည်နယ်တိုင်း
အလိုက်ကိုယ်စားလှယ်များက သဘောမတူကြောင်းနှင့် ကန့် ကွက်ကြောင်း ထုတ်ပြန်လျက်ရှိကြသည်။
အဆိုပါထုတ်ပြန်ချက်များအနက် အမျိုးသားညီလာခံ တိုင်းရင်းသားကိုယ်စားလှယ်များ၊ မကွေးတိုင်းကိုယ်စားလှယ်များ။ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုယ်စားလှယ်များနှင့် စစ်ကိုင်းတိုင်းကိုယ်စားများ၏ ထုတ်ပြန်ကြေညာချက်များကို ယနေ့ ထုတ်မြန်မာသတင်းစာမျာ၌ ဖတ်ရှုလေ့လာ
ခွင့်ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်၌ ဒေါ်အောင်ဆန်းစုကြည်က "my country"ဟု အကြိမ်ကြိမ်သုံးစွဲထားသည်။Our country ဆိုလျှင် သက်ညှာစွာ လက်ခံနိုင်ကြောင်း အကြံပြုကြသည်။
ထို့ ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်၌ တိုင်းရင်းသားများ၏ ဆန္ဒသဘောထားများ၊အကျိုးစီးပွားများကို အခိုင်အမာ အဆက်မ
ပြတ်၊အလေးအနက်ထားကာ စဉ်းစားရေးသည် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ဖြစ်သည်ဟု ဖော်ပြထားခြင်းနှင့် လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ခြင်းသည် သဘာဝမကျဟုလည်း သဘောရကြသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း၌ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၊ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ၊အာဆီယံ အသင်းကြီးစသည့် နိုင်ငံတကာနှင့် ဒေသတွင်း
အဖွဲ့ များအကြား ဂုဏ်သိက္ခာရှိစွာ ပါဝင်နေမှုကို လျှစ်လျူရှုပြီး သုံးနှုန်းခဲ့သည့်"to play a positive role as a respect member of the international community" ဆိုသည့်စကားမှာလည်း မသုံးစွဲသင့်သော အသုံးအနှုန်းပင် ဖြစ်သည်။
ထို့ ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကသာ မူဝါဒလမ်းစဉ်(၇)ရပ်၏ ကျန်အဆင့်များကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်အ
စိုးရနှင့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပါဝင်ရန် လိုအပ်ပါလျက်"invite the Government and all relevant parties to join me"ဟုအမှန်
တရားကို မျက်ကွယ်ပြုလျက် သုံးနှုန်းထားကြောင်း တွေ့ ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်၌ ပါရှိသည့်"Best prospect of my country to fully contribute to the development and stability of the region"ဟု သုံးနှုန်းထားခြင်းသည်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်ဆောက်နိုင်မှုကြောင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းလာမှု၊ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးပြီးနောက် ဖွံ့ ဖြိုးတိုးတက်လာမှု၊ဒေသအတွင်းနိုင်ငံများနှင့် စီး
ပွားရေး၊လူမှုရေးပူးပေါင်းဆောင်ရွက်မှုများကိုလျစ်လျူရှုသည့်သဘောထားများပါဝင်နေကြောင်းတွေ့ရသည်။

ပြည်နယ်/တိုင်းအလိုက်ရှိတိုင်းရင်းသား လူမျိုးကိုယ်စားလှယ်အများစုအဖွဲ့ များကဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်သည် လက်ရှိအ
ခြေအနေနှင့်မကိုက်ညီခြင်း၊မိမိပါတီ၏ အကျိုးအတွက်ရေးသားထားခြင်းတို့ကြောင့် လက်မခံနိုင်ကြောင်းနှင့် မူဝါဒလမ်းစဉ်(၇)ရပ်အတိုင်းတစိုက်မတ်
မတ်ဆောင်ရွက်မည်ဖြစ်ကြောင်းဖော်ပြကြေညာလာကြသည်ကို တွေ့ မြင်နေရသည်။