ချက်သမ္မတနိုင်ငံတွင် အမေရိကန်က ရေဒါစခန်းဖွင့်လှစ်ရန် စီစဉ်ထားမှုကို ကန့် ကွက်သည့်အနေဖြင့် မြို့ တော်ပရာဟာတွင် စနေနေ့ က လူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
ချက်သမ္မတနိုင်ငံတွင် အမေရိကန်၏ ရေဒါစခန်းဖွင့်လှစ်ရန် သင့်၊မသင့်ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပပေးရန် ဆန္ဒပြသူများက တောင်းဆိုကြသည်။
ရေဒါစခန်းဖွင့်လှစ်ရေးနှင့် ဆောင်ရွက်နေသော ညွန့် ပေါင်းအစိုးရအဖွဲ့ ၏ သဘောထားရပ်တည်ချက်ကို ဆန္ဒပြသူများက ကန့် ကွက်ခဲ့ကြ
သည်။
ပရာဟာမြို့ ရှိ ၀င်ချီဆလက်ရင်ပြင်၌ ကျင်းပသော ယင်းဆန္ဒပြပွဲကို ပြည်ပစစ်စခန်းများ ဆန့် ကျင်ရေးအုပ်စုက စီစဉ်ကျင်းပခြင်းဖြစ်သည်။
ယင်းဆန္ဒပြပွဲတွင်အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများနှင့်လီမန် အမတ်အချို့ပါဝင်ခဲ့ကြသည်။
ချက်သမ္မတနိုင်ငံတွင် ဒုံးခွင်းဒုံးရေဒါအခြေစိုက်စခန်းတစ်ခုနှင့် ပိုလန်နိုင်ငံတွင် ဒုံးကျည်ကြားဖြတ်ဟန့် တားရေးစခန်းဖွင့်လှစ်ရန် အမေရိကန်
အစိုးရက ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။