တောင်အာရှဒေသပူးပေါင်းဆောင်ရွက်ရေးအသင်း(ဆာအတ်) စီးပွားရေးပူး
ပေါင်းဆောင်ရွက်
ရေးကော်မတီ နှစ်ရက်ကြာအစည်းအဝေး(ဆာအတ်-စီအီး
စီ)ကိုဒါကာမြို့တွင် စနေနေ့က စ
တင်ကျင်းပပြီး ဒေသတွင်းကုန်သွယ်ရေးမြှင့်
တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးကြသည်။

ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖားရော့အာမက်က ဆာအတ်
စီအီးစီ၏ သဘာပတိအဖြစ်ဆောင်ရွက်သည်ဟု ယူအင်ဘီသတင်းဌာနကဖော်
ပြသည်။ယင်းကော်မတီအစည်း
အဝေးသည်(၁၃)ကြိမ်မြောက်ကျင်းပသည့် အ
စည်းအဝေးဖြစ်ပြီး နောက်ဆုံးအစည်းအဝေးကို အစ္စလမ္မာဘတ်မြို့တွင် ၂၀၀၄
ခုနှစ်က ကျင်းပခဲ့သည်။

(၁၃)ကြိမ်နှင့်(၁၄)ကျြိမ်မြောက် ဆာအတ် အစည်းအဝေးသည် ဒေသအတွင်း
ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရန်ဖြစ်ပြီး ဒေသတွင်းဆက်သွယ်မှုဖွံဖြိုးရေး
သည် လွန်စွာအရေးပါကြောင်း ဆာအတ်အထွေထွေအတွင်းရေးမှုးချုပ် လိုင်
ယွန်ပိုချန်ယက်ဒေါ်ဂျီက ပြောကြားသည်။

(အမ်အင်အေ၊ ဆင်ဟွာ)