ဗီယက်နမ်နိုင်ငံက ယခုအချိန်မှ ၂၀၁၀ ပြည့်နှစ်အတွင်း စားသောက်ကုန်ထုတ်လုပ်
မှုကဏ္ဍတွင် ဗီယက်နမ်သုံးဒေါင်ငွေ ၁၇၂၄၈ ဘီလီယံ (အမေရိကန်ဒေါ်လာတစ်
ဘီလီယံ)ဖိုး ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တနင်္လာနေ့ဆင်ဟွာသတင်းအရသိရှိရ
သည်။၂၀၁၀ ပြည့်နှစ်အတွင်း စားကုန်သောက်ကုန် ထုတ်လုပ်မှုဖွုံးတိုးတက်စေ
မည့် အစီအစဉ်ကို စက်မှုထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက အတည်
ပြုမည် ဖြစ်ပြီးခေါက်ဆွဲခြောက်၊မုန့်မျိုးစုံ၊ အချိုမုန့်စသည့် ပစ္စည်းများအပါအ၀င်
အဆင့်မြင့်စားကုန်၊သောက်ကုန်များကို နည်းပညာဆန်းသစ်၍ ပြုပြင်ထုတ်လုပ်
သွားရာတွင် ငွေကြေးအ မြောက်အမြားအသုံးပြုမည်ဖြစ်ကြောင်းဗီယက်နမ် ပိုင်
အိုနီးယားသတင်းစာကဖော်ပြသည်။
ဗီယက်နမ်ရှိ စားသောက်ကုန် ထုတ်လုပ်သူများက စက်မှုဇုန်များကို တက်ကြွစွာ
ထူထောင်၍ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရေးကို ကြိုးပမ်းရန် နိုင်ငံတော်က အားပေး
လျက်ရှိသည်။
ယင်းအစီအစဉ်အရ ခေါက်ဆွဲခြောက်တန်ချိန် ၈၇၀၀၀၀၊ မုန့်မျိုးစုံ
တန်ချိန် ၁ ဒသမ ၅ သန်းနှင့် အချိုမှုန့်တန်ချိန် ၃၀၂၇၁၁ တို့ကို ယနေ့မှ ၂၀၁၀
ပြည့်နှစ်အတွင်း ထုတ်လုပ်သွားမည်ဖြစ်သည်။(အမ်အင်အေ၊ ဆင်ဟွာ)