ကျွန်တော်ဟာပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာအများဆုံးကုန်သွယ်မှုပြုနေတဲ့ မူဆယ်
(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကို ရောက်ရှိခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်
မှုဇုန်နဲ့ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ကို ဆက်လက်သွားခဲ့ပြီး အဲဒီကနေတရုတ်နိုင်
ငံ ကြယ်ဂေါင်နဲ့ရွှေလီမြို့ကိုရောက်ရှိခဲ့ပါတယ်။ကြယ်ဂေါင်နဲ့ရွှေလီမှာ ဈေးကွက်ရှာ
ဖွေရင်းနဲ့ ယခင်က ကျွန်တော်မသိသေးတာ တစ်ခုသိခဲ့ရပါတယ်။ ကျွန်တော်တို့
နိုင်ငံက ပို့ကုန်အဖြစ် တင်ပို့နေတဲ့ ရေထွက်ပစ္စည်းအုပ်စုထဲက ငါးလိပ်ကျောက်အ
ရေခွံဆိုတာကို သူတို့ဘက်မှာ လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်တို့ ခါးပတ်တို့ ပြုလုပ်
ရာမှာ အသုံးပြုနေတာတွေ့ခဲ့ရတယ်။ ကုန်ချောဖြစ်ပြီးတဲ့အိတ်တွေ၊ ခါးပတ်တွေကို
ကျွန်တော်တို့နိုင်ငံဘက်ကို ပြန်ပို့မယ်ဆိုတာလည်း ကြားခဲ့ရပါတယ်။ကျွန်တော်တို့
ဘက်ကပို့နေတဲ့ ကုန်ကြမ်းတွေကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ ပေး
ဝယ်မယ်ဆိုတဲ့ဈေးကွက် သတင်းအပိုင်းအစလေး တစ်ခုရခဲ့ပါတယ် ။
ကျွန်တော်ဦးနှောက်ထဲမှာ အလင်းရောင်တစ်ချက် ဝင်လာပါတယ်။ ကုန်ကြမ်းကို
ရောင်းမဲ့အစား ကုန်ချောကိုထုတ်လုပ်နိုင်ရင် ပိုပြီး အမြတ်အစွန်းများလာမယ်ဆို
တာပါပဲ။ နည်းပညာပိုင်းဆိုင်ရာ မဖွံ့ဖြိုးသေးတာကို သင်ယူဖို့လိုအပ်သေးတယ်
ဆိုတာကိုလည်း သိလိုက်ပါတယ်။