နိုင်ငံတကာကုန်စည်ပြပွဲ ဗီယက်နမ၌် ကျင်းပမည်၊နိုင်ငံ၂၀မှ ကုမ္ပဏီ ၃၀၀ကျော် စာရင်းပေးထား
ဗီယက်နမ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) ကုန်စည်ပြပွဲ (၂၀၀၈)၌ပါဝင်ပြသရန်နိုင်ငံပေါင်း၂၀ မှကုမ္မဏီ၃၀၀ ကျော်စာရင်းပေးထားကြောင်းကုန်စည်ပြပွဲကျင်းပရေးမှူးများက စနေနေ့တွင်ပြောကြားသည်။
ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တွင်ဗီယက်နမ်နိုင်ငံ အဖွဲဝင်ဖြစ်လာမှုတစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယင်းကုန်စည်ပြပွဲကို ဟနွိုင်း
မြို့တွင်၂၀၀၈ခုနှစ်ဇန်န၀ါရီ၁၂ရက်မှ၁၇ရက်အထိကျင်းပမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံတွင် ဒဗလျူတီအို အဖွဲ့ဝင်နိုင်ငံများက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ၊ ပြည်တွင်းနှင့်ပြည်ပ ကုမ္မဏီများအတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ၊ ဗီယက်နမ်နိုင်ငံ၏ လုပ်ငန်းစွမ်းဆောင်ရည် အမြင့်မားဆုံး ကုမ္မဏီများအား ဂုဏ်ပြုနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကုန်စည်ပြပွဲကျင်းပမည်ဖြစ်ကြောင်း စက်မှုနှင့် ကုန်သွယ်ရေး ဒုတိယ၀န်ကြီးဟောင်း လုံဗန်တူးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၀၇ခုနှစ် ဇန်န၀ါရီလတွင် ဒဗလျူတီအို၏ ၁၅၀ နိုင်ငံမြောက်အဖွဲ့ ဝင်နိုင်ငံဖြစ်လာခဲ့သည်။
0 comments:
Post a Comment