ဆယ်စုနှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကို ၀င်တိုက်ခဲ့တဲ့ ဆိုင်ကလုံးတွေထဲမှာ ''ဆီဒါ"ဟာ အဆိုးဆုံးပါဘဲ။နောက်ဆုံးရထားတဲ့ စာရင်းအရ ဒီမုန်တိုင်းကြောင့် သေဆုံးသူဟာ(၂၅၇၉)ဦးရှိပါပြီ။ဒါပေမယ့် အများစုက ဒီထက်ပိုများမယ်လို့ မှန်းနေကြပါတယ်။
အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေက ဘင်္ဂလားဒေ့ရှ်မုန်တိုင်းဒဏ် ကယ်ဆယ်ရေးအတွက် ဒေါ်လာ(၂၅)သန်း ကနဦးထည့်ဝင်လှူဒါန်းကြ
မယ်လို့  ကတိပေးထားကြပါတယ်။ဒါပေမဲ့ နေအိမ်ယာယီရွက်ဖျင်တဲတွေ၊အစားအစာတွေ၊ ရေသန့် တွေက ဒုက္ခသည်တွေ လက်ထဲရောက်ဖို့ လဲ အခက်အခဲအချို့ နဲ့ ရင်ဆိုင်နေရပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလဲ အထူးဝမ်းနည်းကြေကွဲရကြောင်း ပြောလာပါတယ်။
အမေရိကန်အစိုးရက အလှူငွေ ၂.၁သန်း၊ဗြိတိန်က ဒေါ်လာ ၅ သန်း၊အီးယူက ၂.၂ သန်း၊ဂျာမနီနဲ့ ပြင်သစ်က ဒေါ်လာ၇သိန်း ၃ သောင်းစီ ထည့်ဝင်လှူဒါန်းကြမယ်လို့  သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မုန်တိုင်းဒဏ်ကို နှစ်စဉ်ခံရပါတယ်။၁၉၉၆ ခုနှစ်တုန်းက တိုနာဒိုမုန်တိုင်းဒဏ်ခံရတုန်းက ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းက ရွာပေါင်း ၈၀ ပျက်စီးပြီး လူ ၆၂၁ ဦးသေခဲ့တာဟာ အဆိုးဆုံးဖြစ်ရပ်ပါ။
၂၀၀၄ ခုနှစ် ဒီဇင်ဘာတုန်းက အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းက စခဲ့တဲ့ ဆူနာမီကြောင့် နိုင်ငံပေါင်း ၁ဒါဇင်လောက်က လူများစွာ သေဆုံးခဲ့
ပေမယ့် အဲဒီဆူနာမီကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူ ၂ ဦးသာသေခဲ့ပါတယ်။