“အင်္ဂလန်အသင်း ရှုံးနိမ့်”
ရွှေမျိုးဆက် ဟုခေါ်ဆိုသည့် အင်္ဂလန်ဘောလုံးသမားများ ပါဝင်သော အင်္ဂလန်ဘောလုံးအသင်းသည် မိမိတို့၏ အိမ်ကွင်း၌ ပြိုင်ဖက် ခရိုအေးရှားကို ရှုံးနိမ့် ယူရိုခြေစမ်းပွဲများမှ ရှုံးနိမ့်ထွက်ခွား သွားရပြီဖြစ်သည်။
ခေတ်သစ် ဘောလုံး အားကစားကို စတင်ဖော်ထုတ်ခဲ့သည့် ဘောလုံးဘိုးအေ တို့ ခရိုအေးရှားကို ၃ဂိုး ၂ဂိုးဖြင့် ရှုံးနိမ့်သည့် ပွဲသည် အင်္ဂလန်ပရိသတ်အတွက် မိုးရေထဲ ငိုပွဲဆင်ရသည့် ပွဲလည်းဖြစ်သလို သမိုင်းဝင် အရှုံးလည်းဖြစ်သည်။
အင်္ဂလန်အနေနှင့် ယခုပြိုင်ပွဲ၌ သရေကျယုံမျှဖြင့် ယူရိုခြေစစ်ပွဲအောင်နိုင်သည့် အခွင့်အရေးရှိသော်လည်း ပထမပိုင်း (၁၄)မိနစ် အတွင် ၂ဂိုး ရှုံးနိမ့်ခဲ့ရာမှ ဒုတိယ ပိုင်းတွင် ၂ ဂိုးစီ သရေလိုက်ကစားနိုင်ခဲ့သော်လည်း Mladen Petric က ခရိုအေးရှား အတွက် (၇၇)မိနစ်၌ အနိုင်ဂိုးသွင်းယူ သွားခြင်းခံလိုက်ရသည်။
“ဒီနွေမှာတော့ အင်္ဂလန်အလံ လမ်းပေါ်လွှင့်ပြီပျော်နေတာတွေ ပျောက်သွား ပါပြီ။ ဟာစိတ်ထိခိုက် ကြေကွဲစရာပါပဲ။ ကမ္ဘာပေါ်မှာ ဘောလုံးထက် ပိုအရေးကြီးတာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ ယူရိုခြေစစ်ပွဲမအောင်တာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ” ဟု နာမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းက ဝေဖန်သွားသည်။
အင်္ဂလန်က ခရိုအေးရှားအား ရှုံးနိမ့်သည့်ပွဲတွင် ဒေးဗစ်ဘက်ခမ်းသည် ဒုတိယပိုင်းကျမှ ပါဝင်ကစားခွင့်ရခဲ့ပြီး ဒုတိယချေပဂိုးရရန် စွမ်းဆောင်ပေးခဲ့သည်။ ယခုပွဲသည် ဒေးဗစ်ဘက်ခမ်းအတွက် အင်္ဂလန်အသင်း လက်ရွှေးစင်အဖြစ် ၉၉ ပွဲမြောက် ကစားရသည့်ပွဲဖြစ်သည်။
အင်္ဂလန်အသင်းခေါင်းဆောင် စတီဗင် ဂျာရက်ကလည်း ယခုပွဲအရှုံးဒဏ်ကို ကာလကြာရှည်စွာ ခံစားနေကြရမည်ဖြစ်ကြောင်း၊ အားကစားသမားအားလုံးအရှုံး အတွက် တာဝန်ယူကြရမည်ဖြစ်ကြောင်း ဝေဖန်သွားသည်။
အင်္ဂလန်အသင်းမန်နေဂျာ မက္ကလာရင်က အသင်းရှုံးနိမ့်မှုအတွက် တာဝန်ယူ ကြောင်း၊ သူ၏ အနာဂတ်ကို မဆွေးနွေးလိုသေးကြောင်း ပြောကြားသွားသည်။
0 comments:
Post a Comment