သော့နေရာ အထားမှားနေပါသလား။ သည်လူကို မြင်ဖူးသော်လည်း နာမည် မေ့တေ့တေ့ ဖြစ်နေပါသလား။ ငါးစားကြည့်ပါ။ သတိရလာပါလိမ့်မည်။
ငါးများများစားသည့် သက်ကြီးရွယ်အိုများသည် ငါးနဲနဲသာစားသည့် သက်ကြီး ရွယ်အိုများထက် မှတ်ဥာဏ်ပို၍ ကောင်းကြောင်း၊ မေ့လျှော့မှုနည်းကြောင်း တွေ့ရ သည်။ မှတ်ဥာဏ် ပိုကောင်း ရုံမျှသာမက၊ အာရုံစိုက်မှု၊ နှုတ်သွက်မှု တို့၌လည်း သာ လွန်ကြောင်း တွေ့ရသည်။
တစ်နေ့တာငါးစားသုံးမှု ၈၀ ဂရမ်မျှ ပိုလာယုံနှင့် မှတ်ဥာဏ်၊ အာရုံစိုက်မှု၊ နှုတ်သွက်မှုစသည်တို့၌ များစွာ သာလွန်လာသည်။ အသက် ၇၀ နှင့် ၇၄ အကြားရှိ ကျား/မ ပေါင်း (၁၉၅၁) ဦးအား စမ်းသပ်လေ့လာခဲ့ရာမှ ဤအချက်ကို တွေ့ရှိခြင်း ဖြစ်သည်ဟု American Journal of Clinical Nutrition, November 2007 တွင် ဖော်ပြထားသည်။