ဗီယက်နမ်၌ မြေအောက်ရထားလမ်း ပြင်သစ်ဖောက်လုပ်မည်
ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် ပြင်သစ်အစိုးရနှင့် ကုမ္ပဏီများ ဆန္ဒရှိနေကြောင်း ပြင်သစ်အထက်တန်းတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ
(၂၃) ရက်တွင်ပြောကြားသည်။ ဟနွိုင်းတွင်မြေအောက်ရထားလမ်းဖောက်လုပ်နိုင်ရေးအတွက် ဘဏ္ဍာရေးအကူအညီ ယူရိုသန်း၂၈၀(အမေရိကန်ဒေါ်
လာ ၄၁၅ သန်းခန့်) ပေးရန်ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီက ဗီယက်နမ်နိုင်ငံ အားကမ်းလှမ်းမည်ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံတွင်
(၂၀၂၀) ပြည့်နှစ်ထက် နောက်မကျဘဲ နျူးကလီးယား ဓါတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေးအတွက်ကူညီမည်ဖြစ်ကြောင်း ဟနွိုင်းသို့ရောက်ရှိနေ
သောပြင်သစ်စီးပွားရေးနှင့် နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး ဟာ့ဗ်နိုဗယ်လီကပြောကြားသည်။ နိုဗယ်လီ၏ခရီးစဉ်အတွင်း နှစ်နိုင်ငံစီးပွားရေးပူးပေါင်းမှု
ဆိုင်ရာ ကန်ထရိုက်များကို လက်မှတ်ရေးထိုးခဲ့သည်။
အမ်အင်အေ၊ဆင်ဟွာ။
0 comments:
Post a Comment