skip to main |
skip to sidebar
- စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် တရားမဝင် ဆေးခန်းများကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်ကဝင် ရောက်စီးနင်းပြီး တရားခံလေးဦးကို ဖမ်းဆီးခဲ့သည်။
- အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အနောက်တောင်ပိုင်းလော့အိန်ဂျလိစ်မြို့အနောက် မြောက်ပိုင်းရှိ ဆန်ဖာနန်ဒိုဒေသတွင် နိုဝင်ဘာ ၂၄ ရက်က ရဲတပ်ဖွဲ့က ၁၈ နာရီကြာ စီးနင်းရှာ ဖွေပြီးနောက် မူးယစ်ဆေးဝါးမှု ၊ ခိုးမှု ၊ အဓမ္မမှု ၊ လုယက်မှုများနှင့် ဆက်စပ်၍ လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
- အိုင်ယာလန်နိုင်ငံ အနောက်ပိုင်း စလီဂိုမြို့ ကရန်မိုရ် အရပ်တွင် သြဂုတ် ၁၃ ရက်က ဖြစ်ပွားခဲ့ သောလူသတ်မှုနှင့် ဆက်စပ်သူခြောက်ဦးကို နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းက ဖမ်းမိပြီး နောက် ထပ်တစ်ဦးကိုလည်း ထပ်မံဖမ်းမိခဲ့ကြောင်း အင်တာနက်သတင်း၌ ဖော်ပြသည်။
- ဇင်ဘာဘွေနိုင်ငံတွင် ဇင်ဘာဘွေကျေးလက်မယ်ဘွဲ့ စတင်တည်ထောင်ခဲ့သူနှင့်ကမကထပြုသူ အမျိုးသမီး ဆီဖိုမာဇီဆူကို သည် ဟိုတယ်စရိတ်များ ပေးချေရန် ပျက်ကွက်မှုနှင့် လိမ်လည်မှုများ ကြောင့်နိုဝင်ဘာ ၂၆ ရက်က အဖမ်းခံခဲ့ရကြောင်း အင်တာနက်သတင်း၌ ဖော်ပြသည်။
- ကိုလံဘီယာနိုင်ငံတွင် လွန်ခဲ့သော ၁၈ လအတွင်း အလုပ်လက်မဲ့ ဆိုးသွမ်းသူ ၂၄ ဦးကို ရဲအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နိုဝင်ဘာ ၂၆ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။
- တရားမဝင် ငွေစက္ကူအတုပြုလုပ်သည့် လုပ်ငန်းကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ရဲတပ်ဖွဲ့က နှိမ်နင်းဖြိုခွဲခဲ့ပြီး အမေရိကန် ဒေါ်လာအတု ခြောက်သန်းကျော်ကို ဖမ်းဆီးခဲ့ကြောင်း နိုဝင်ဘာ၂၆ ရက်က ဆင်ဟွာ သတင်း၌ ဖော်ပြသည်။
0 comments:
Post a Comment