ထိုင်းအာဏာသိမ်းစစ်အစိုးရမှ ဖွဲ့စည်းပေးလိုက်သော ယာယီဝန်ကြီးချုပ် ဆူလာယွန်
ချူလာနွန်အစိုးရသည် လာမည့် (၂၀၀၇)ခုနှစ်၊ ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် အထွေ
ထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ၄င်းရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ
နှင့် အခြားပါတီအင်အားစုများ စုစုပေါင်း(၁၈)ခုတို့မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး
နိုင်အာဖီဆစ် ဆိုသူဦးဆောင်သော ထိုင်းဒီမိုကရက်တစ်ပါတီနှင့်ပြည်သူ့အင်အားပါတီ
တို့မှ ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် ငွေကြေးအမြောက်အများအကုန်အကျခံကာ
မဲဆွယ်စည်းရုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ထိုင်းနိုင်ငံ၌ ထိုင်းရတ်ထိုင်းပါတီဟောင်းမှ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အာ
ဏာရှိစဉ်က ၄င်းပိုင်ဆိုင်ခဲ့သော ထိုင်းနိုင်ငံ၏ တစ်ခုတည်းသော ဂြိုဟ်တုဆက်သွယ်
်ရေးလုပ်ငန်းဖြစ်သည့် ဆင်း ကော်ပိုရေးရှင်းရှယ်ယာများကို စင်္ကာပူနိုင်ငံသို့ရောင်းချ
ခဲ့ရာမှ ထိုင်းနိုင်ငံပြည်သူလူထုနှင့် အတိုက်အခံနိုင်ငံရေးပါတီများက မကျေနပ်ဖြစ်ကာ
ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသောကြောင့် ထိုင်းနိုင်ငံစတင်မတည်ငြိမ်မှုများဖြစ်
လာခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုင်းနိုင်ငံရေးလောက၌ အာဏာသိမ်းမှုများသည် (၂၀)ကြိမ်မြောက် အာဏာသိမ်းမှု
များဖြစ်ခဲ့ရပြီး စစ်အာဏာသိမ်းအဖွဲ့(ဒီမိုကရေစီဖော်ဆောင်ရေးကောင်စီ)မှကတိများ
အားထိုင်းပြည်သူလူထုကို အသိပေးကြေညာခဲ့ရာ ၄င်းကြေညာချက်များအနေဖြင့် ဒီမို
ကရေစီ ဖော်ဆောင်ရေးကော်မတီမှ ကြားဖြတ်အစိုးရ အမြန်ဆုံးဖွဲ့စည်း ပေးမည်ဖြစ်
ကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ခွဲထွက်ရေးအဖွဲ့မှတောင်းဆိုနေသည့်ပြည်နယ်သုံး
ခုရှိ အစွန်းရောက်မူဆလင်များ၏အကြမ်းဖက်လုပ်ရပ်များ ပပျောက်သွားရန် အမြန်ဆုံး
ဆောင်ရွက်ဖြေရှင်း ပေးမည်ဖြစ်ကြောင်း၊ ကြားဖြတ်အစိုးရအဖွဲ့မှ တစ်နှစ်အတွင်းရွေး
ကောက်ပွဲကျင်းပပြုလုပ်၍ ပြည်သူလူထုထံ အာဏာအပ်နှင်းမည်ဖြစ်ကြောင်း စသည့်
အချက်များကို ကတိပြုကြေညာခဲ့ကြောင်း၊ ကြားဖြတ်အစိုးရ ၀န်ကြီးချုပ်ချူလာနွန် ဦး ဆောင်သောအစိုးရအဖွဲ့သည် ထိုင်းရတ်ထိုင်းပါတီအား ဖျက်သိမ်းခြင်းကို ၄င်းပါတီမှ
အဓိကခေါင်းဆောင် (၁၁၀) ဦးအား နိုင်ငံရေးမလုပ်
ရန်ပိတ်ပင်ခြင်းနှင့် ၀န်ကြီးချုပ်
ဟောင်း သက်ဆင်ရှင်နာဝပ် အားတရားစွဲဆိုခြင်းများ ပြုလုပ်လာခြင်း ကြောင့်
ထိုင်းရတ်ထိုင်းပါတီမှ ပါတီဝင်များမှာ မကျေမနပ်ဖြစ်ကာ ယင်းပါတီဝင်များမှ
"ပြည်သူ့အင်အားပါတီ"ဟုအမည်ပြောင်း၍ ပြန်လည်တည်ထောင်ပြီး လာမည့်ရွေး
ကောက်ပွဲတွင်ပါတီတစ်ခုတည်း အနေဖြင့် အစိုးရဖွဲ့ နိုင်ရန် အပြင်းအထန် စည်းရုံး
လျက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာ(၂၃)ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အထွေထွေ
ရွေးကောက်ပွဲ၌ အမည်ပြောင်းထားသော ပြည်သူ့အင်အားပါတီမှ မဲအပြတ်အသတ်
အနိုင်ရပြီး ညွန့်ပေါင်းအစိုးရ (သို့) နိုင်ငံတော်အစိုးရ ဖွဲ့စည်းနိုင်ပါက ကြားဖြတ်အစိုးရ
ဝန်ကြီးချုပ် ချူလာနွန် အစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့သော ထုတ်ပြန်ချက်အား ထိုင်း
နိုင်ငံ၏ အခြေအနေနှင့် လျှော်ညီသော ပြဋ္ဌာန်းချက်များအား ပြန်လည်ပြင်ဆင်ရေးဆွဲ
ကာ ဥပဒေသစ်တစ်ရပ် သတ်မှတ်ကာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အဓိကနိုင်ခြေ
ရှိသည့် ထိုင်းဒီမိုကရက်တစ်ပါတီ နှင့် ပြည်သူ့အင်အားပါတီ နှစ်ခုတွင်ထိုင်းဒီမိုကရက်
တစ်ပါတီမှ အနိုင်ရရှိပါက မည်သည့်ပြဿနာ တစ်စုံတစ်ရာ မရှိသော်လည်း ပြည်သူ့
အင်အားပါတီမှ အနိုင်ရရှိပါက ထိုင်းအခြေအနေနှင့် ထိုင်းစစ်အစိုးရတို့အတွင်း သဘော
ထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်ပြီး ပဋိပက္ခများဖြစ်လာကာ ထိုင်းနိုင်ငံရေးမတည်ငြိမ်မှု
များ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း မဲဆောက်မြို့ရှိ နိုင်ငံရေးအသိုင်းအဝိုင်းမှ ပြော
ဆိုနေမှုအား သတင်းရရှိပါသည်။