အာဖဂန်နစ္စတန်နိုင်ငံသို့ အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များ ကျူးကျော် စွက်ဖက်ဝင်ရောက်ခဲ့ သည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။
အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များ၏ ကျူးကျော်စွက်ဖက်ဝင်ရောက် ခဲ့မှုကြောင့် အာဖဂန်ပြည်သူ အများအပြား နေ့စဉ်သေဆုံး ဒဏ်ရာ ရရှိလျက်ရှိသည်။

အာဖဂန်ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု
အာဖဂန်နစ္စတန်နိုင်ငံသို့ အမေရိကန်ဦးဆောင်သော နေတိုးတပ်ဖွဲ့များ ကျူးကျော်စွက်ဖက်ဝင်ရောက်ခဲ့သည့် အချိန်မှစတင်ပြီး ဇူလိုင် ၇ရက်အထိ သေဆုံးခဲ့သည့် အာဖဂန်ပြည်သူဦးရေမှာ ၈၁၁၉ဦးရှိပြီး အပြင်းအထန် ထိခိုက် ဒဏ်ရာရှိသူဦးရေမှာ ၁၆၆၉၅ ဦးဖြစ်ကြောင်း အင်တာနက်သတင်းတွင် ဖေါ်ပြထားသည်။
၁။ သေဆုံးသူအာဖဂန်ပြည်သူများ = ၈၁၁၉ဦး
၂။ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသူအာဖဂန်ပြည်သူများ = ၁၆၆၉၅ဦး