ကမ္ဘာ့လူတုပ်ကွေးရောဂါ ထိန်းချုပ်ရေးအတွက် ဟိုတယ်တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၄ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေး အစည်းအဝေးခန်းမတွင် ကျင်းပသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာကြီးမြင့်က ကမ္ဘာ့လူတုပ်ကွေး ကပ်ရောဂါကာကွယ်ကုသရေးလုပ်ငန်း စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာစောလွင်က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းစနစ်မှန်ကန်သည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာသန်းထိန်ဝင်းက ဟိုတယ်များတွင် လာရောက်တည်းခိုသည့် ဧည့်သည်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် ရောဂါကာကွယ်ရေး အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဟိုတယ်တာဝန်ခံများဧ။် မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြား ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ကမ္ဘာ့လူတုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဟိုတယ်တာဝန်ခံများအနေဖြင့် လာရောက်တည်းခိုသည့် ဧည့်သည်များအား စောင့်ကြပ်ကြည့်ရှုပြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများအား ဆက်သွယ်သတင်းပေးပို့ကြရန်နှင့် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကို ဇူလိုင် ၄ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာကြီးမြင့်က ကမ္ဘာ့လူတုပ်ကွေး ကပ်ရောဂါကာကွယ်ကုသရေးလုပ်ငန်း စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာစောလွင်က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းစနစ်မှန်ကန်သည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာသန်းထိန်ဝင်းက ဟိုတယ်များတွင် လာရောက်တည်းခိုသည့် ဧည့်သည်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် ရောဂါကာကွယ်ရေး အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။