ကင်ဆာရောဂါ တိုက်ဖျက်ရေးဂုဏ်သတ္တိနှင့် ပြည့်စုံသည့် ကန်စွန်းဥမျိုးကောင်းမျိုးသန့်တစ်မျိုးကို ကင်းဆပ် ပြည်နယ် တက္ကသိုလ်မှသုတေသီ ဆိုရန်လင်းက တီထွင်လိုက်သည်။

အသစ်တီထွင်

အသစ်တီထွင်ဖေါ်ထုတ်လိုက်သည့်ခရမ်းရောင်ကန်စွန်းဥတွင် ကင်ဆာရောဂါတိုက်ဖျက်ရေးသာမက အိုမင်း ရင့်ရော်တားဆီးရေးနှင့် ဓါတ်တိုးပစ္စည်းဆန့်ကျင်ဆေး ဓါတုပစ္စည်းများလည်း ပါဝင်သည်ဟု သိရသည်။
ဤနေရာ၌ အရောင်သည်လည်း အရေးကြီးသည် ဟုဆိုသည်။

ဟန့်တားနိုင်
ထိုကန်စွန်းဥ၏ ခရမ်းရောင်အသားက ကင်ဆာရောဂါဖြစ်မည့် အန္တရာယ်ကို လျော့ပါးစေသည့်အပြင် အူမကြီး
အတွင်းမှ ကင်ဆာကလာပ်စည်းများ၏ ကြီးထွားမှုကိုလည်း ဟန့်တားနိုင်သည်။

ကာကွယ်နိုင်မည်
ဤအစားအစာသစ်ကန်စွန်းဥက ပြည်သူများ ကင်ဆာရောဂါမဖြစ်စေရန် ကာကွယ်နိုင်မည်ဟုသိပ္ပံပညာရှင် များက ယုံကြည်သည်။