ကယ်လိုရီ ကန့်သတ်ချက် အတိုင်း ချင့်ချိန် စားသုံးခြင်းဖြင့် အသက်အရွယ်အိုမင်းမှုနှင့် ရောဂါများကြောင့် သေဆုံးရမည့် အန္တရာယ် လျော့ပါးကင်းဝေး သွားစေနိုင်သည် ဆို၏။
လျော့သွား
ကယ်လိုရီကန့်သတ်ချက် ၃၀ရာခိုင်နှုန်း ဓာတ်စာကြောင့် မျောက်များ၏ သေဆုံးမှု သိသိသာသာ လျော့သွားကြောင်း တွေ့ရသည်ဟု သိပ္ပံဂျာနယ်တွင် ဖော်ပြပါရှိသည်။
ဆက်စပ်
ကယ်လိုရီ ကန့်သတ်ဓာတ်စာကြောင့် ကင်ဆာ၊ ဇီဝဓာတုဖြစ်စဉ် ယိုယွင်းမှုကြောင့် ရေငတ်ခြင်းနှင့် ဆီးအလွန်အကျွန်သွားခြင်း၊ နှလုံးသွေးကြောရောဂါများနှင့်တကွ ထိုရောဂါသုံးမျိုးတွင် တစ်ခုခုကြောင့် ဦးနှောက်သိမ်သွားမှု အပါအ၀င် အသက်အရွယ် အိုမင်းရင့်ရော်မှုနှင့် ဆက်စပ်သည့် ရောဂါသွင်ပြင်လက္ခဏာ အများအပြား ပေါ်ပေါက်မည့် အန္တရာယ်ကိုလည်း လျော့ပါးစေသည်။
အထောက်အကူ
တိရစ္ဆာန်များကို ဓာတ်စာကျွေးခြင်းဖြင့် ဦးနှောက်၏ အရွယ်အစား ကြီးထွားလာသည်ဟု တွေ့ရသဖြင့် ဓာတ်စာသည် ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်ဟု ဆိုသည်။
ကယ်လိုရီကန့်သတ်ဓာတ်စာကို ရေရှည်စားသုံးခြင်းဖြင့် အကျိုးများမည်ဟု သိပ္ပပညာရှင်များက ယုံကြည်ထားကြသည်။