အရက်ကို ပုံမှန်လွန်လွန်ကျူးကျူး သောက်သူများအနေဖြင့် ဆီးကျိတ်ကင်ဆာရောဂါဖြစ်ရန် အလားအလာ ပိုများပြီး ဆီးကျိတ်ကင်ဆာ ပျောက်ဆေးသုံးစွဲ နေရသူဖြစ်လျှင်
ဆေးအာနိသင် လျော့ပါးသွားတတ်ကြောင်း လေ့လာတွေ့ရှိရသည်ဆို၏။

အဓိက
အသက်အရွယ်အိုမင်းရင့်ရော်မှု၊ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားဖြစ်သူများ၊ ဆီးကျိတ်ကင်ဆာဖြစ်ဖူးသည့် မိသားစုမှ ပေါက်ဖွားသူများ၊ ဆေးလိပ်သောက်သူများနှင့် တိရစ္ဆာန်အဆီကို များများ စားသုံးသူများသည် ဆီးကျိတ်ကင်ဆာဖြစ်စေသည့်အဓိကအကြောင်းရင်းများဖြစ်ကြောင်း ယခင်လေ့လာ တွေ့ရှိချက်များ၌ ဖော်ပြလေ့ရှိခဲ့သည်။
သို့သော် ယခုတွေ့ရှိချက်အသစ်တွင် အရက် အလွန်အကျွံ သောက်သုံးမှုသည်လည်း ဆီးကျိတ်ကင်ဆာဖြစ်နိုင်ကြောင်း အထင်အရှားဖော်ပြထားသည်။

နှစ်ဆတိုးပွား

ရက်သတ္တပတ်လျှင် အနည်းဆုံး ငါးရက်၊ တစ်နေ့လျှင် အရက်လေးငါးကြိမ် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဆီးကျိတ်နှစ်ဆတိုးပွားလာမည့် လက္ခဏာရှိသည်။ ထို့ကြောင့် ဆီးကျိတ်ကင်ဆာပျောက်ဆေးပေးလျှင် ဆရာဝန်များအနေဖြင့်လူနာမည်ရွေ့ မည်မျှ အရက်အလွန်သောက်တတ်ကြာင်း ဦးစွာစိစစ်ပြီးမှဆေးသောက်ရန် ညွှန်ကြားသင့်သည်ဟုဆို၏။