အ၀လွန်မှုသည် ယနေ့ရင်ဆိုင်နေရသည့် ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။
ဆက်စပ်မှု
အ၀လွန်ခြင်းကို သုတေသနပြု ဆန်းစစ်ကြည့်သောအခါ မိခင်ဖြစ်သူနှင့် သမီးများအကြား၊ ဖခင်ဖြစ်သူနှင့် သားများအကြား ဆက်စပ်မှု အခိုင်အမာရှိကြောင်း တွေ့ရသည်။
သို့သော် မိခင်နှင့် သားများ၊ ဖခင်နှင့် သမီးများကြားတွင် အ၀လွန်မှု ဆက်နွှယ်ခြင်းမရှိဟု သုတေသီများက ပြောဆိုသည်။
မိသားစု၂၂၆စုကို ဆန်းစစ်လေ့လာသည့်အခါတွင် အ၀လွန်သူမိခင်၏သမီးများမှာ သာမန်ထက်အ၀လွန်ရန် ၁၀ဆ ပိုများသည်။ အ၀လွန်သူဖခင်၏သားများမှာလည်း သာမန်ထက် အ၀လွန်ရန် ခြောက်ဆပိုများကြောင်းတွေ့ရသည်။ သိုသော် အ၀လွန်သူဖခင်နှင့်သမီးများအကြား ဆက်စပ်မှု အလျှင်းမရှိဟုဆိုသည်။
တူညီ
အ၀လွန်မှုသည် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ခြေ လွန်စွာနည်းပါးကြောင်း၊ အပြုအမှု အနေအထိုင် တူညီမှုကြောင့် ဖြစ်နိုင်ကြောင်း သုတေသီများက သုံးသပ်သည်။
အ၀လွန်သူ ၁၀ဦးလျှင် ရှစ်ဦးမှာ ငယ်စဉ်ကလေးဘ၀က ကိုယ်အလေးချိန်များခြင်း မရှိသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် အ၀လွန်မှုတိုက်ဖျက်ရေးတွင် ငယ်ရွယ်သူများ အုပ်စုကိုသာ အလေးပေးလွန်းမှုကို ပြန်လည်သုံးသပ်သင့်ကြောင်း သုတေသီများက ထောက်ပြကြသည်။