မင်္ဂလာတောင်ညွန့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး စုပေါင်းဆောင်ရွက်မှုကို ဇူလိုင်၎ရက် နံနက်ပိုင်းက ကျီတော်ရပ်ကွက်နှင့် မလွှကုန်းမီးရထားရပ်တွင် ကျင်းပရာ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးကျော်ငြိမ်း၊ အတွင်းရေးမှူး ဦးစိုးလှိုင်ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဥမ္မာမြင့်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ဥက္ကဌ ဦးကျော်စိုး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန ၀န်ထမ်းများ၊ စည်ပင်သာယာဝန်ထမ်းများ၊ ကျီတော်ရပ်ကွက်၊ တောင်လုံးပြန်ရပ်ကွက်၊ မလွှကုန်းမီးရထားရပ်ကွက်တို့မှ လူမှုရေးအသင်းအဖွဲ့များ အင်အား ၂၀၀ ကျော် ပါဝင်ဆောင်ရွက်ကြသည်။