ဂျပန်တွင် A/H1N1 လူနာ ၃၇၇ ဦး ရှိပြီ
အိုဆာကာ ယိုဂိုနှင့် ချီဘာစီရင်စုတို့တွင် A/H1N1 တုပ်ကွေးရောဂါဖြစ်ပွားသူ ခုနှစ်ဦးတွေ့ရှိကြောင်း အတည်ပြုပြီးနောက် ဂျပန်နိုင်ငံ စီရင်စု ၁၁စုအတွင်း၊ ရောဂါဖြစ်ပွားသူအရေအတွက် စုစုပေါင်း ၃၇၇ ဦးရှိပြီဖြစ်ကြောင်း စနေနေ့ထုတ် ဆင်ဟွာ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ရောဂါဖြစ်သူ ၁၇ဦးနှင့် ၄၃ဦး စီရှိကြောင်း အတည်ပြုခဲ့သော ယိုဂိုစီရင်စုမှ ကိုဘီ အထက်တန်း ကျောင်းနှင့် ယိုဂိုအထက်တန်းကျောင်းတို့ကို စနေနေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ နှစ်ပတ်ကြာ ရပ်နားထားရသော စာသင်ကြားမှုကို တနလာင်္နေ့တွင် ပြန်လည် စတင်မည်ဖြစ်သည်။ ထိုကျောင်းများတွင် တုပ်ကွေးရောဂါ ကူးစက်နေသော ကျောင်းသားများကို မေ၂၁ရက် ကတည်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ယခုအခါ အဆိုပါ ကျောင်းသားများအားလုံး ပြန်လည်ကျန်းမာလာကြပြီဖြစ်သည့်အတွက် ယိုဂိုစီရင်စုရှိ အစိုးရအထက်တန်းကျောင်းများအားလုံး စနေနေ့တွင် ပြန်ဖွင့်မည်ဖြစ်သည်။
0 comments:
Post a Comment