နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဌာန ၀န်ကြီး၏ မှာကြားချက်အရ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့က စစ်တွေမြို့၌ ရေတွန်းစက်နှစ်လုံးကို ဖေဖော်ဝါရီ ၁၃ရက်က စတင်တပ်ဆင်ခဲ့ပြီး မတ်၁၇ရက်တွင် လုပ်ငန်းပြီးစီးခဲ့သည်။
စစ်တွေမြို့နယ် ပြည်သူလူထုသည် စစ်တွေမြို့ ရေလှောင်ကန်မှ ရေကို သောက်သုံးရေအဖြစ် အားထားသုံးစွဲ နေကြပြီး ယခင်ကဖြန့်ဝေမှုစနစ် မှာ အလိုအလျောက် စီးဆင်းစေသောစနစ်ကိုအသုံးပြု၍ ဖြန့်ဝေခြင်းကြောင့် ရေဖိအားလျော့နည်းချိန်တွင် အစွန်းအဖျားရပ်ကွက်များသို ရေရောက်ရှိမှုနည်းပါးကာ သောက်သုံး ရေအခက်အခဲ ဖြစ်ခဲ့ရသည်။
ရေလုံလောက်
ယင်းရေတွန်းစက်များကို အသုံးပြု၍ စမ်းသပ်ဖြန့်ဝေပေးခဲ့ရာ ယခင်က ရေအနည်းငယ်သာ ရရှိခဲ့သည့်ရပ်ကွက် ရှစ်ရပ်ကွက်အနက် ခုနစ်ရပ်ကွက်သို့ ရေလုံလောက်စွာ ဖြန့်ဝေနိုင်ခဲ့သဖြင့် အိမ်ခြေ ၃၅၀၀၊ လူဦးရေ ၁၃၈၅၅ဦးတို့ အသုံးပြုသော အိမ်သွယ်ရေတိုင် ၅၅၄တိုင်နှင့် အများသုံးရေကန် ၄၀တို့သို့ ရေလုံလောက်စွာ ဖြန့်ဝေနိုင်ခဲ့သည်။
ကြိုးပမ်းဆောင်ရွက်
ကျန်ရပ်ကွက်များရှိ အိမ်သွယ်ရေတိုင်နှင့် အများသုံးရေကန်များ သို့လည်း ရေပိုမို တွန်းပို့ ပေးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိသည်။