တနင်္သာရီတိုင်းအတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
တနင်္သာရီတိုင်းအတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးသာအေး ကြည့်ရှုစစ်ဆေး
ချောင်းကဗျာ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း
သတ်မှတ်ရက်အတွင်းပြီးစီးအောင် ဆောင်ရွက်ရန်မှာကြား
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးသာအေးသည် တနင်္သာရီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ခင်ဇော်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဖေဖော်ဝါရီ ၂၃ရက် နံနက်ပိုင်းတွင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး လူနာများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများကို ပေးအပ်သည်။
ယင်းနောက် ဆေးရုံကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဆေးပဒေသာပင် အလှူငွေများကို ပေးအပ်သည်။ ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးသာအေးသည် ဘုတ်ပြင်း-ကော့သောင်းလမ်း၌ တောင်ဒဂုံ ကုမ္ပဏီလီမိတက်က တာဝန်ယူ၍ စက်ယန္တရားကြီးများဖြင့် ကတ္တရာခင်းခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တောင်ဒဂုံ ကုမ္ပဏီလီမိတက်၏ တစ်နာရီ တန်၃၀ကျ ဆီကြမ်းစက်ရုံသို့ ရောက်ရှိပြီး ဆီကြမ်းထုတ်လုပ်နေမှုနှင့် ဆီသီးခိုင်၊ ဆီသီး၊ ဆီကြမ်းဆီ၊ တာနယ်စေ့၊ တာနယ်မှုန့်နှင့် တာနယ်ဆီတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
0 comments:
Post a Comment