နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကူဝိတ်နိုင်ငံ အကြီးအကဲထံ သ၀ဏ်လွှာပေးပို့
၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျရောက်သော ကူဝိတ်နိုင်ငံ၏ အမျိုးသားနေ့၌ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေထံမှ ကူဝိတ်နိုင်ငံ အကြီးအကဲ ရှိတ်ဆာဘား အယ်လ်အာမက် အယ်လ်ဂျာဘား အယ်လ်ဆာဘားထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။