လယ်မြေဧက ၁၀၀၀၀ ကို စိုက်ပျိုးရေများ ပေးဝေလျက်ရှိသည့် ပခုက္ကူမြို့နယ်က ကုက္ကိုလှနှင့် ရွှေတန့်တစ် မြစ်ရေတင်လုပ်ငန်းများ
နိုင်ငံတော်အစိုးရသည် ဒေသတွင်းလူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးစသည့်ပြည်သူတို့၏ လိုအပ်ချက်အဝဝကို ဖြည့်ဆည်းနိုင်ရေးအတွက် ခေတ်မီုဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ လှမ်းချီရာတွင်ရွှေကိုမလို ရေကိုလိုသည်ဟု တောင့်တနေသော အညာဒေသပြည်သူများအတွက် စိုက်ပျိုးရေးနှင့် သောက်သုံးရေရရှိရန် နည်းလမ်းမျိုးစုံဖြင့် ဘက်ပေါင်းစုံမှ ရှာဖွေဖော်ထုတ်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စိုက်ပျိုးရာတွင် ရေနှင့်မြေသည် အဓိကဖြစ်သည်။ မြေရှိသော်လည်း ရေမရှိ၍မဖြစ် ။ ယင်းအတွက် လိုအပ်သောအချိန်၊ လိုအပ်သောနေရာတွင် ရေရရှိရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနမှ ဆည်မြောင်းတာတမံများ ၊ရေထိန်းတခါးများတည်ဆောက်ကာ ရရှိသောရေကိုထိန်းသိမ်းသိုလှောင်ခြင်း၊ စိုက်ပျိုးဧရိယာများသို့ စိုက်ပျိုးရေများဖြန့်ဝေပေးရေးနှင့် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနအနေဖြင့်လည်း မြစ်ချောင်းများမှရေများကို လျှပ်စစ်ရေတင်လုပ်ငန်းများနှင့်ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများဖြင့် လယ်မြေယာမြေများ ဖော်ထုတ်စိုက်ပျိုးကာ နိုင်ငံစီးပွား တိုးပွားမြင့်မားစေရန် ကြိုးပမ်းဖော်ဆောင်လျှက်ရှိသည်။

0 comments:
Post a Comment