ကွန်ပျူတာ တက္ကသိုလ်(လားရှိုး) တည်ဆောက်ပြီးစီးမှု ဗိုလ်ချုပ်မင်းအောင်လှိုင် ကြည့်ရှု စစ်ဆေး
ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(မြောက်ပိုင်း)ဥက္ကဋ္ဌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၄ ရက် နံနက် ၈ နာရီက လားရှိုးမြို့ မယ်ဟန်ကျေးရွာ ကောင်းခါးစက်မှု ဇုန်ရှိ ရွှေမြင်းနှစ်ကောင် စက်မှုကုမ္ပဏီလီမိတက်၏ ဓာတ်ခဲစက်ရုံ၌ DGH တံဆိပ် R 20 ဓာတ်ခဲနှင့် မျောက်တံဆိပ် ဓာတ်ခဲများ ထုတ်လုပ်နေမှုအဆင့်ဆင့် တို့ကို ကြည့်ရှုစစ်ဆေးပြီး လားရှိုးမြို့ရှိ ကွန်ပျူတာ တက္ကသိုလ်(လားရှိုး) တည်ဆောက်မှု လုပ်ငန်းခွင်၌ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။ထို့နောက် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် မိုင်းရယ်မြို့ ဆိုက်ခေါင်တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် မိုင်းရယ်မြို့ ဟိုယအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြား မိုင်တိုင်အမှတ်(၁၇/၅) (၁၇/၆) ရှိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ယူ တည်ဆောက်လျက်ရှိသော နမ့်ပေါင်တံတားကို ကြည့်ရှုစစ်ဆေးကာ မိုင်းရယ်မြို့နယ် ကံလုံကျေးရွာရှိ ဦးဂုံခေး၏ အောင်မြင်ဖြစ်ထွန်းလျက်သော ပျားလိမ္မော်ခြံကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment