နေပြည်တော်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော်အား ဖူးတွေ့ရစဉ်

နေပြည်တော်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော်သတ္တဌာန
မူလဌာပနာတော်သွင်းခြင်း၊ အလယ်ဌာပနာတော်သွင်းခြင်းနှင့်
ပန်းလည်တိုင်စိုက်ထူခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော် သတ္တဌာန မူလဌာပနာတော်သွင်းခြင်း၊ အလယ်ဌာပနာတော်သွင်းခြင်းနှင့် ပန်းလည်တိုင်စိုက်ထူခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော် နေပြည်တော် ဥပ္ပါတသန္တိ ကုန်းတော်ပြင်ရှိ ဥပ္ပါတသန္တိ စေတီတော်၌ ကျင်းပရာ ဥပ္ပါတသန္တိစေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တက်ရောက်၍ ငွေဗောဓိပင်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး ဌာပနာတော်များ သွင်းလှူပူဇော်ကာ စေတီတော်၌ ပန်းလည်တိုင်ကို စိုက်ထူပူဇော်သည်။
အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် စေတီတော် တည်ဆောက်ရေး သြ၀ါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကိုနှင့် ဒုတိယဗိုလ်ချုပ်ကြီးသာအေး၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်လှဌေးဝင်းနှင့် ဗိုလ်ချုပ်မောင်ရှိန်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝေလွင်၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ဒုတိယ၀န်ကြီးများ၊ စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်နှင့်မြို့မယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဘုရားဒါယကာ အလှူရှင်များ၊ ပြည်နယ်နှင့်တိုင်းများမှ ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များ၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
မဟာမင်္ဂလာအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ သဒ္ဓမ္မဇောတိကဓဇဦးသူရက ဆောင်ရွက်သည်။

Justify Full